တာတန်ခူးမို့ အလှထူးတယ်
ပိတောက်ဖူးတွေ ♥ ရယ်
စိမ်းစိုအေးမြ ♥ သင်္ကြန်ရေဖျန်း
ဝါရွှေ နုလို့ ♥ လန်း
အတာကူးတဲ့ နှစ်ဦးမယ်
အချစ်ဦးလေးနဲ့ ♥ လည်
ရေတွေစိုလို့ ♥ ခိုက်တုန်ချမ်း
ရင်ခွင်နန်းမှာ ♥ မြန်း
ချစ်သူနွေးဖို့ ဖက်ထားမယ်
ရှက်သွေးလေးများ ♥ ကြွယ်
ပုဝါပါးလေး ခြုံလို့ ♥ လွှမ်း
အနမ်းလေးများ ♥ ကြမ်း
စိတ်ဆိုးကာ ♥ မူယာကျော့
ပိတောက်ပန်းနဲ့ချော့♥
ချစ်ဦးပန်ဖို့ပေါ့ ♥♥♥

No comments:
Post a Comment