ချစ် သူရေ မောင့်
ရင်ထဲမှာ အပူမမျှလေတော့
ပြေမလားရယ်လို့ ဝေဒနာတေးတွေနဲ့
ရင်မှာဆွေးလို့ ဖြေနေရတယ်
ချစ်သူရယ်
မေတ္တာပေးလို့ မေတ္တာမရသူက
မောင်ရယ်ပါလေ မောင့်မေတ္တာတွေ
အလျော်မတောင်းတော့ပါဘူး
ပျော်လျက်ပျော်ရာ နေပါတော့ကွယ်
ချစ်သူရယ်
အမုန်းဆိုတာ ဝေးလာဝေးမို့
ပေးအပ်ကာထား မောင့် နှလုံးသားကို
မကြင်နာလို့ ရင်တွင်းဖွဲပိုက်
ဓါးနဲ့စိုက်လည်း မနာရက်နိင်တဲ့ အသည်းနဲ့
ရာသက်တိုင်လည်း ချစ်နေအုံးမယ်
ချစ်သူရယ်
တူနှစ်ကိုယ်သစ္စာ ထားခဲ့ကြပြီး
မုန်းယောင်သွေလို့ ပုန်းရှောင်နေတော့
မောင် က ဘာများ တက်နိင်ပါမလည်း
အချစ်ရယ်
မောင်ရင်ကွဲမှ ချစ်ပျော်မယ်ဆို
အရူံးများနှင့် လူ နှလုံးသားတွေ လှူရင်း
တွယ်တာလှပေမယ့် ကွယ်ရာကပဲ
ချစ် ရ ပါ တော့ မယ် ချစ် သူ ရယ် ^!^
No comments:
Post a Comment