ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, April 14, 2013

♥♥ ခွဲမသွားပါနဲ့ ပြန်လာခဲ့နော် ♥♥ (2)




ကောင်မလေးရေ♥
မေးမယ်မေးမယ်နဲ့ မေးမှဖြစ်တော့မယ်
ချစ်တယ်ချစ်တယ် ဆိုတဲ့ စကားလေးတွေ
ပြောပါများလို့ ရိုးသွားတာလားကွယ်
"နင့်"ရင်ထဲမှာ"ငါ"ရှိနေသလိ
"ငါ"ရင်ထဲမှာ "နင်"ပဲရှိနေတာပါ
သံယောဇဉ် အကြင်နာတွေနဲ့
ရင်တုန်အောင် "ငါ"တို့ချစ်ခဲ့ကြတာလေ
မကြင်ဘယ့်အတွက် သံသယတွေထားလို့
မုန်းပင်ပျိုးလို့ မုန်းမိုးတွေကို
ရွာ ရွာ မချပါနဲ့လား
"နင်"နဲ့ဝေးရမှာ "ငါ"အရမ်းကြောက်လို့ပါ
ကောင်မလေးရယ်.....

ကောင်မလေးရေ♥
"နင့်"လို့စာစကားလုံး အလှတွေနဲ့
"ငါ"မဖွဲ့နွဲ့တက်ပေမယ့်
နှလုံးသားက ရင်ခုန်သံစစ်စစ်တွေပါ
ယုံပါဆိုပြီး ပုံပြင်တွေမပြောတက်သလို
"ငါ"ဘယ်လောက်"နင့်"ကိုချစ်တာဆိုတာ
"နင်"သာလျှင် အသိဆုံးပါ
ကောင်မလေးရယ်....

ကောင်မလေးရေ♥
တို့နှစ်ယောက်ရဲ့ ရင်ခုန်သံစည်းချက်
ဘယ်အထိ ခရီးဆက်ခဲ့ကြတာ
"နင်"လည်းအသိ "ငါ"လည်းအသိလေ
မာနတွေကို ခဝါချလို့
"နင့်"ရှေ့မှာ "ငါ"ဒူးထောက်ပေးထားပါတယ်
ဒါကိုမှ မကျေနပ်လို့
"ငါ"နှလုံးသွေးနဲ့ ခြေဆေးခြင်သေးရင်
"နင်"ကိုယ်တိုင် ဖောက်မထုတ်နဲ့နော်
"ငါ"ကိုယ်တိုင် ဖောက်လို့ပေးမယ်
"နင့်"လက်ဖဝါးနုနုသွယ်လေး
သွေးပေစွန်းမှာ ဆိုးလို့ပါကွယ်
ကောင်မလေးရယ်....

ကောင်မလေးရေ♥
"ငါ့"မေတ္တာနဲ့ "ငါ့"ဘဝဟာ
တစ်မိုးအောက်မှာ "နင့်"တစ်ယောက်ထဲပါ
"နင်"မပျော်လို့များ ထွက်သွားမယ်ဆို
"ငါ"နှလုံးသားလေး တံတားခင်းပေးမယ်
အောက်ကိုမကြည့်နဲ့ လျှောက်လို့သွားပါ
တစ်ကယ်လို့များ မဟန်တဲ့အခါ
ပြန်လှည့်လာရင် "ငါ"ရင်ခွင်တံခါး
"နင့်"အတွက် အစဉ်ဖွင့်ပေးထားမယ်
"နင့်"ကိုယ် "ငါ" အရမ်းချစ်တယ်
ကောင်မလေးရယ်......
 

No comments:

Post a Comment