ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, April 14, 2013

♥♥ ခွဲမသွားပါနဲ့ ပြန်လာခဲ့နော် ♥♥ (1)


ကောင်မလေးရေ♥
သစ္စာတွေ ဘေးဖယ်ထားလို့
"ငါ" အနားကနေ သွားတော့မှာပေါ့
သကာအချစ်က အကာကအနှစ်
ထာဝရ မဖြစ်နိင်တော့ဘူးလား
ပွင့်ဖတ်လို့တသွယ် ယုယစွာရယ်
ဥယျဉ်မှုးလို့ ပျိုးခဲ့ပေမယ့်
"နင်"မှမခုန်မင်တာလေ
"ငါ" ဘာများတက်နိင်ပါမလည်း
ကောင်မလေးရယ်.....

ကောင်မလေးရေ♥
:နင်"ဘာလုပ်လုပ် အဟုတ်တွေထင်
"ငါ" အပြစ်ဆိုတာ မမြင်ခဲ့ပါဘူး
"နင်"ကြိုးဆွဲရာ ကစေဖို့အတွက်
"ငါ" ဆိုတဲ့ကောင်က "နင့်"အတွက်
ရုပ်သေးရုပ်ကလေး တစ်ရုပ်လို
မခုတ်တက်တဲ့ ကြောင်သူငယ်လို
အဆိပ်မရှိတဲ့ ရေမြွေတစ်ကောင်လို
နေပေးခဲ့တာ "နင့်"ကို အရမ်းချစ်လိုပါ
ကောင်မလေးရယ်......

ကောင်မလေးရေ♥
"ငါ"ကလည်း "နင့်" လိုလူသားပါ
အသွေးအသားတွေနဲ့ ဖွဲ့စည်းထားတာလေ
"ငါ့"အတွေးထဲမှာ "နင်"ထိပ်ဆုံးပါပေမယ့်
"နင့်"အတွေးထဲမှာ "ငါ"မပါတာတော့
"ငါ"ကိုယ်"ငါ"သနားတယ်ဟာ
ချစ်သူတွေကို ချစ်သူပါလို့
"နင်"မကြေငြာရဲတော့လည်း
သူငယ်ချင်းလို့တော့ မခေါ်သာ
တော်ရာကနေ လွမ်းရမှာပါ
ကောင်မလေးရယ်.....

ကောင်မလေးရေ♥
လွမ်းရဲလို့ လွမ်းခွဲတာကို
အပြစ်မပြောတော့ပါဘူး
မေတ္တာနဲ့ သစ္စာကိုတော့
"နင်" မစော်ကားပါနဲ့နော်
မေတ္တာတွေ စူးနေမှာဆိုးလို့ပါ
ကျားသနားလို့ နွားချမ်းသာတာ
အလားကားမှ မဟုတ်ခဲ့တာလေ
စိတ်ဆိုးအောင် လုပ်ချင်တာလုပ်
စိတ်နာအောင်တော့ မလုပ်ပါနဲ့နော်
နောင်တဆိုတဲ့စကားတွေ
"ငါ"နောင်မှ မကြားပါရစေနဲ့
ကောင်မလေးရယ်......

 

No comments:

Post a Comment