
ဒီမြေမှာမွေး ဒီရေကိုအတူသောက်
ဖအေလည်းမတူ မအေလည်းမတူပဲ
ညီရင်းအကို သွေးရင်းသားနှယ်
ဖြူစင်စိတ်ရင်း ဆွေးမျိုးရင်းလား
ချစ်ခဲ့ ခင်ခဲ့ ကစားခဲ့ကြတဲ့ သူ .....
သောက်ရင်း စားရင်း ပျော်ရင်း ပါးရင်း
သွားအတူတူ လာအတူတူနဲ့
ငယ်ကပေါင်းတဲ့ ငယ်ပေါင်းကြီးက
အဆိုးအကောင်း အထွေထွေ ကို
အကျိုးအကြောင်း သာဓကနဲ့
သဏ္ဍန်သရုပ် ဟန်မလုပ်ပါပဲ
အားနည်းသူကို ဖေးကာကူတဲ့
တစ် ယောက်ထဲသော သူ .....
လေဆန်မှာ လက်ကိုမြှောက်လို့
အကြောက်တရား မရှိပါပဲ
ပူပင်စရာတွေ မီးမွှေးလို့
မရဏဆိုတဲ့ သေမင်းက
ခေါ် ခေါ် ဆောင်ကာ သွားလေပြီ ....
သူငယ်ချင်းရေ .......
ငါ ဆို တဲ့ ငါ က တော့ လေ
အရက်ပုလင်း ရယ် အရက်ခွက်နဲ့
ဘယ် ညာ ပင် ပြောင်းကာ ကိုင်လို့
ငါ့ ဘေး မှာ မင်း က ထိုင်
ဟော ဒီလို့ ငှဲ့ ရော မင်း က တစ်ခွက်
ငါ တလှည့်နဲ့ အားရအောင်သောက်
ရီ ဝေ ဝေ အမူးတွေ ရောက်မှ
စာသီလို့ ကဗျာစီလိုက်တာ
ဩော် ပထမ ပါတဲ့ သူငယ်ချင်း
ငါ ရ တဲ့ ဆုငွေ ရယ် မင်းအတွက်ကို
ကောင်းမှုတွေလုပ်လို့ အမျှ အမျှ အမျှ
ပေးဝေလိုက်မယ် ရောက်ရာဘုံဘဝက
သာဓုခေါ်ပါ သူငယ်ချင်းရယ် ^!^ ^!^