
ဖွဲ့နွဲ့ကဗျာ လွမ်းရင်းငိုမော
သောကအပူ မီးစထူနှယ်
ဖိစီးနှိပ်စက် အိပ်ပျက်ရက်ရှည်
ကြာခဲ့ပေမယ့် အောက်မေ့မှန်းဆ
လွမ်းတသသနဲ့ ရင်တွင်းအိမ်လှိုင်း
အတွေးစိတ်တိုင်းဝယ် ဆွေးရိပ်တွေက
မိုးတိမ်အလား ရွာတော့မဲ့ဟန်
တပြင်ပြင်ရယ် ...........
တမင်တိမ်းလို့ စိမ်းရက်တဲ့သခင်ရယ်
ရွှေအားတော်ငယ် သူစိမ်းဘဝနဲ့
နှစ်တာရှည် ဝေဒနာတောမှလ
အဖော်မပါ မျှော်ကာငေးလို့
မခေါ်သာ လွမ်းရက်တွေ
ကြာ ကြာ ပြီပေါ့ မေ ~~
—
No comments:
Post a Comment