ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, January 11, 2013

♥♥ ~ လိုက် ရဲ လား ♥♥ ~


ပွင့်ဖတ်လိုဥ ယုယလို့ထွေး

ခရေလိုမွှေးလို့ စံပယ်လိုဖြူသူ

မောင့် ချစ်သူရေ ♥


နှလုံးအိမ်ဝယ် လွမ်းစကားချွဲလို့

အနမ်းများသည်းစဉ် ရင်ခုန်တနွေး

မောင် ပြန်တွေးတော့ ရနံ့များရယ်

မပျယ်ဘူး ကွယ် ~~~


အချစ်အလွမ်း ကဗျာစီတော့

အမျှင်တန်းတန်း ကျွမ်းမြေ့လွမ်းဖွယ်

မပျော်အိမ်မက် ခဏခဏမက်လို့

အတွေးထဲဝယ် စိုးမိုးသူရယ်

ယုံကြည်မှုနဲ့ မောင် တို့သွားမယ်

နားလည်စွာနဲ့ မောင် တို့လှမ်းမယ်

မေတ္တာလက်ခြင်း ခိုင်ခိုင်တွဲလို့

မိုးကောင်းကင်မြေ စင်္ကြာဝဠာဆုံးထိ

မောင် တို့ အတူတူလျှောက်မယ်

အချစ်ရေ လိုက် ရဲ လား ♥
 
 
 

No comments:

Post a Comment