ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, January 25, 2013

!.! အရုပ်ကလေးပါ !.!



အချိန်တိုင်း နင့်ကိုလွမ်းနေတဲ့

စိတ်တွေကို တားဆီးဖို့

နှလုံးသားကိုပဲ

အဆိပ်ခတ်ရမလား

မျှော်နေပေမယ့်

ပေါ်မလာသူ အတွက်

လွမ်းရတဲ့ အသိစိတ်ကိုဘဲ

မုန်းနေမိတယ်

နေနိုင်သူ နင့် အတွက်ကတော့

မောင် ဆိုတဲ့ ကောင်က

ဆော့ကစားစရာ အရုပ်တစ်ရုပ်ပါပဲလေ
 

No comments:

Post a Comment