ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, January 11, 2013

♥~~ လွမ်း ရယ် မပြေ ♥~~



 မိုးဝဿန်ရယ် အညိုးမာန်ကြီးပ

ဆောင်းဟေမာန်တောင် မြောက်ပြန်လေမြူး

နွေဦးမှာလည်း လေရူးပွေလို့

ရော်ရွက်ဝါတွေ မြေမှာကြဲရင်

ဆွေးထိတ်ဗျာပွေ လွမ်းရသူ လေ

ချစ်သူ့ သဏ္ဍန် ချစ်သူ့ ဟန်ပန်

ရင်တွင်းမှတ်ထား ပန်းချီကားချပ် အလား

တွေးရင်းမြင်ယောင် လွမ်းဖွယ်အောင်

ရက်တွေကနေ လတွေပင်ပြောင်း

နှစ်ပေါင်းတွေချီ ကြာခဲ့ပေမယ့်

မလျော့သောသစ္စာ မပျယ်သောမေတ္တာ

အမုန်းမရှိတဲ့ အချစ်တွေနဲ့

ဥပေက္ခာ မပြုနိုင်သူမို့

သံသာရာ ဒီဘဝခရီးမှာ

မောင့် အလွမ်းရယ်မပြေပါ မေ ~~

No comments:

Post a Comment