
အသည်းကြေနွမ်း မျက်ရည်လည်းခန်း
တောင်ထိပ်ကမှောင် လွမ်းပိုသယောင်
မိုးတွေလည်းခြိမ်း လျှပ်နွယ်လည်းယိမ်း
တွယ်မလိုနဲ့တိမ်း သူ လည်းဘဲစိမ်း ~~~
ရေကြည်အနောက် ခြေရာဖျောက်ပေါ့
အစဉ်မေ့ပျောက် ရင်ထဲမရောက်
အချစ်ညာပလီ သစ္စာမတည်
စာနာမသနား စွန့်သွားဝံ့သူရေ
မကြင်နာခြင်း ကမ်းတစ်ဖက်မှာ
မျှော်လင့်မှုပန်း ကျွမ်းရမလား
အမှတ်မရှိတဲ့ ဒီအသည်းမို့
နှစ်ထပ်ရှိအောင် ခွဲခဲ့တာပ
ဗျတ္တလို ပဏ္ဍာဆက်ခဲ့ပေမယ့်
မခြွေရက်တဲ့ပန်း အကြွေလွယ်တဲ့ပန်းမို့
အနော်ရထာ မာန်ရှသလို
အမုန်းတော်ကာ ခံရမှာမို့
ကျန်ရစ်သူအဖြစ် ကျန်စစ်လိုပဲ
ချစ်ပါရစေတော့လား မိစိမ်းကားရယ် !!!!
No comments:
Post a Comment