
♥ ကောင်မလေးရေ
သန်းခေါင်ယံ ညမိုက်မိုက်မှာ
အဖော်မဲ့လို့ဆွေး ဆွေးလွန်းလို့တွေး
တွေးရင်းနဲ့ရေး ရေးရင်းတွေးရင်း
ကြည့်တိုင်းကြည့်တိုင်း
အသည်းအိမ်လှိုင်းဝယ်
မြင်မြင်နေတာ နင့်ရုပ်လွှာပါ ........
♥ ကောင်မလေးရေ
မခို့တရို့ရှက်ပြုံး
မျက်လုံးတစ်ချက်
နင့်ဝှေ့ကြည့်တိုင်း ရင်ထိပြီး
ရူးခဲ့တာက ငါ ပါဟာ .......
♥ ကောင်မလေးရေ
တဒင်္ဂကြည့်မိတဲ့ နင့်မျက်ဝန်း
တစ်စုံကြားမှာ ငါ နှလုံးသားတွေ
တုန်ခါမိတော့ ခံစားနေရတဲ့
ငါ့ နှလုံးသား နင့် ကြောင့်လို့ပြောရင်
နင် ယုံကြည်ပေးပါနော် .....
♥ ကောင်မလေးရေ
နင့်ကို အရမ်းချစ်မိပေမယ့်
မာနဆိုတဲ့ နင့် အတ္တတရားက
ငါ့ ကိုတွေဝေစေတယ်
မရေမရာ မသေချာတဲ့
ဇဝေဇဝါ ငါ့ မနက်ဖြန်တိုင်းကို
နင့် အချစ်တွေ နဲ့ ဖြတ်ကျော်ခွင့်
ပေးပါလား ကောင်မလေးရယ် ........
No comments:
Post a Comment