
ဖေးမ အားဖြည့် ကြင်နာချစ်များ
ဘယ်ကမ္ဘာထားလို့ မကြင်ရှောင်ပြေး
သခင်မလေးရေ .....
သစ်စိမ်းလိုချိုး ငြိုးမာန်တွေပျိုး
လွမ်းဖို့လက်တို့ မျက်ရည်စို့မှ
ခွဲခွာအဝေး သခင်ပြေးတော့
ဖြစ်သမျှဝန် မောင့် အလွန်ထား
ရှိပါစေသား မဖုရားရယ် .....
သံသရာဝဲ ဖန်လာစမြဲမို့
ကံကြမ္မာနည်းစွာ ဝဋ်ကြွေးလို့မယူဆ
ချစ်မိတာကိုက အလွှာမရှိ ပကတိလေ
ချစ်မီးလျှံ ရင်ဝယ်မြိုက်
စိတ်ညစ်ကာ ပူပန်ကဲရင်း
သုဘဒ္ဒါ ရွှေရင်ကွဲသလို
ချစ်မိသူ အသည်းကြွေပြုန်းကာ
မောင် ကတော့ အမြဲ သေဆုံးခဲ့ပါပြီ ......
No comments:
Post a Comment