
အတိတ်ကမ္ဘာ မဝေးတဲ့
♥ချစ်♥ဘဝလေးမှာ လိပ်ပြာလေးလို
နေချင်မိတော့ နှလုံးသားမယ်
ဆေးသားခြယ်လို့ ချစ်ကဗ္ဗည်းလေး
ရေးထိုးမိတယ် ဒီလိုပါကွယ် ♥♥♥
တစ်ပင်ထဲရယ် ရင်ထဲသို့တွယ်
နွယ်ပင်များလား ခွေ ခွေ ကာရစ်
မဖြည်ရစ်တဲ့ သံယောဇဉ်ရယ်
ဟန်ဆောင်ကာမယ် မူမလုပ်ပါဘူး
ပူသမျှရယ်တဲ့ အပူတွေကို
အတူမျှကာ ယူချင်တယ် ♥♥♥
လေလာတိမ်းပါး ယိမ်းကစားသည့်
အပင်များလည်း မဟုတ်ရပါ
မြေပေါ်ရွက်ကျ ရှင်သန်စေသား
ရွက်ကျပင်များ မဟုတ်ရိုးပါ
နူတ်ယူလေတိုင်း ပါလာလေမြဲ
မြက်ခြောက်ပင်လည်း မဟုတ်ပါကွယ်
ရာသီပိတောက် နှစ်ခါဖောက်လည်း
မယွင်းသစ္စာ ချစ်မေတ္တာဖြင့်
တစ်သက်မှာ တစ်ခါ
တစ်ခါမှာသာ ဒီတစ်သီး
သစ္စာကြီးသည့် ပေးသီလိုသာ
ချစ်မိသူပါ ချစ်သူရယ် ♥♥♥
ကဗျာလေး အရမ်းကောင်းတယ် ရှင်
ReplyDelete