ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, January 25, 2013

*^* အိုဘယ့် မိခင် ကျေးဇူးရှင် *^*




မြင်မိုရ်တောင်ဦး မကကျူးသည့်
ဘုရားနဲ့တဂိုဏ်း အားလုံးနှိုင်းပေါ့
သန္ဓေလွယ်ထား လူမမယ်သားအား
ဖွားမြင်မြောက်စေ လူဖြစ်စေ၍
သွေးမှကျစမ်း နို့ရည်ချမ်းကို
တိုက်ကျွေးသမှု အမေပြုတယ် .....

ရည်ရွယ်မှန်းဆ နှစ်များတာရှည်
ဝေးတမြေမှ ဆွေးစိတ်ပိုကဲ
ပြာသိုတိုင်းဝယ် မျက်ရည်ဝိုင်းလို့
လွမ်းလို့မပြေ ချစ် မေမေ .....

အများပြောတယ် အမေများ နေ့တဲ့
ပြက္ခဒိန်ရှိတယ် ရက်အချိန်သိတယ်
ဒါပေမယ့်လေ မျက်ရည်တွေကျ
ငိုခဲ့ရပေ အဝေးရောက်နေ
သားတို့သမီးတို့ ဘဝတွေပါအမေ ....

မြင်မိုရ်တောင်ကြီး ဘယ်လောက်ကြီးလည်း
မမြင်ဘူးလို့ သားမသိဘူး
သား မသိဘူး အမေ
စာအုပ်စာပေ ဖတ်မိပေမယ့်
သား ဥာဏ်လောက်နဲ့ ပူဇော်ရတာ
အားမရဘူး အမေ
မြင်မိုရ်တောင်ကြီး ကြီး ချင် ကြီး
သမုဒ္ဒရာကြီး ကျယ် ချင် ကျယ်
ပင်လယ်ရေတွေ များ ချင် များ
အရာအားလုံးထက် ကြီးမားအစဉ်
သား သမီးတို့ အမြင်ပါ အမေ
အမေ့ မေတ္တာ လ ပမာထင်မိ
ညတွေမှောင်လည်း အလင်းပေးဝေ
ရှေဆောင်လမ်းပြ နေမင်းသို့အလား
သဗ္ဗေသတ္တာ အဝေယျာဟု
မေတ္တာပို့ပေး မွေးမေတိုင်းကိုလေ
အစဉ်သာထာဝရ ရင်မှာဂါဝရနဲ့
လက်ဆယ်ဖြာ ထိပ်မှာမိုးလို့
သား အကြိမ်ကြိမ်ကန်တော့လိုက်ပါတယ်...

No comments:

Post a Comment