ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, January 11, 2013

~~~ မောင့် ဘဝ ကောင်းကင်လေး !!!






စူးရှတဲ့ မျက်ဝန်း နွေးထွေးတဲ့ အကြင်နာ
တောက်ပတဲ့အကြည့် တစ်ချက်
ကြည်လင်တဲ့ မျက်ဝန်းအိမ်မှာ
ချိုသာတဲ့ အပြုံးတွေနဲ့
အေးမြတဲ့ ချစ်ရသူလေးရေ
အရာရာကို နားလည်မူအပြည့်
အလိုလိုက်လို့ ပျော့ပျောင်းနွေးထွေး
နှလုံးအိမ်အရောက် ညင်သာစွာဝင်ရောက်လာတော့
ဘဝင်လည်းတုန် ရင်လည်းခုန်
ကောင်းကင်လို့တင်စား ထာဝစဉ်
လင်းလက်မှာလား ~~~

ကောင်းကင်က ရေတစ်ပေါက်
မောင်တို့တွေ အတူသောက်မယ်
ကောင်ကင်က လ တစင်း
အရာရာကို ထွန်းလင်းပေမယ့်
ရင်တွင်းက ချစ်သူပုံရိပ်
အလုံပိတ်ထားတာတောင်
လင်းလက်အေးမြခြင်းတွေ
ဆောင်နှင်းပေးတယ်နော်
ကောင်းကင်ကတော့ အရောင်တွေကို
အသစ်သစ်ဖြစ်စေပေမယ့်
မောင့်ရင်တွင်းက ချစ်ခြင်းများက
ပျက်ယွင်းဟောင်းနွမ်း မှုမရှိ

 ပိုပိုလို့သာ တိုးတိုးလာတယ်လေ ~~~

No comments:

Post a Comment