
ဖေ့ဘုတ်ပေါ်မှာ တခဏ
ဘဝင်မတော် မာနတွေနဲ့
အမြင်မတော် ငါကွလို့
ဆရာကျ အထာပြမနေနဲ့
ပြာကြရင် ဘာမှမရတာ
သဘာဝ ဓမ္မတာပါ ....
ဖြူစင်စွာ ရင်းနှီးသူကို
ပူပင်အနာ မင်းမီးမွှေးလို့
နောက်ကျောကနေ ဓားထက်ထက်နဲ့ထိုး
အညာတရား အမုန်းဆိုးနဲ့
tag မလုပ်နဲ့ လာကာပြော
မစာနာ စာသားသုံးတဲ့
မင်းဇတ်ရုပ်ကို အဟုတ်မှတ်မနေနဲ့
မင်းရဲ့စိတ်ဓါတ် မင်းလုပ်ရပ်တွေ
ပုပ်စပ်လို့ ဟောင်ညှီ
ငါ အော်ဂလီဆန်တာများနေပြီ ....
မင်းရဲ့ သမိုင်း မင်းဘဲရေးပါ
ငါ သမိုင်းကို ငါဘဲရေးမယ်
ရိုင်းပြီးမကျန်ရအောင်လို့
အမှားနွံနစ် မတရားကျွန်မဖြစ်အောင်
အလှတရားရှင်း ဘဝမမှားယွင်း
အွန်လိုင်းဆိုတာ သေခြာတွေး
တစ်ကယ်တော့ မင်း
ငယ်ပါသေးတယ် သူငယ်ချင်း ....
No comments:
Post a Comment