ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, January 11, 2013

!^.^! အသဲတစ်ခြမ်း နဲ့ အမြဲလွမ်း !^.^!


Photo: !^.^! အသဲတစ်ခြမ်း နဲ့ အမြဲလွမ်း !^.^!


ဆောင်းနွေမိုးတွေ ပြောင်းရွေ့နေသ၍
မပြေသမျှတွေကို ကြွေပါရစေကွယ်
အပြင်မှာမတွေ့ အွန်မှာတွေ့ပေမယ့်
တစ်နေ့တစ်ရက် မမေ့ရက်ဘူး
တစ်လွှာတစ်ပွင့် ရွက်ဆွယ်တော်ဖြင့်
တစ်ညှာတစ်ရိုး ရွှေကြာရိုးလို
ချစ်များစွာနဲ့ ချစ်မိပါ၏ ....


မချစ်ဝံ့လို့ စွန့်ခွာမှတော့
ဟန်ဆောင်မှုတွေ ပြမနေပါနဲ့
လမ်းခွဲကြတာ ဓမ္မတာပါ
ဝမ်းနည်းစရာ မဟုတ်ပေမယ့်
တစ်ကယ်ချစ်ရင် အမှန်ခံစားရတာ
လောကရဲ့ နိယာမ ပေါ့
ရင်နင့်အောင်ချစ် အသက်ထက်မြတ်နိုး
မေတ္တာပိုးလို့ ချစ်ခဲ့မိတာကိုမှ
မတရားရက်စက် ဓါးထက်ထက်နဲ့
ရင်ခွင်ကိုထိုးလို့ ချစ်သူ ရေ
မင်း ပျော်ပါစေတော့ ကွယ် .....


ရင်ထဲမှာရှိ စိတ်ကလည်းသိ
မှုန်မှုန်ဝါးဝါး မပြတ်သားလည်း
ဟိုရင်တုန်းက တို့နှစ်ဦးဆုံတွေ့
ခုံတန်းရေးလေး ရှိနေသေးပေါ့
လက်ချင်းသွယ်ယှက် လျှောက်ခဲ့ဖူးတဲ့
မြေနီနီလမ်း ပြန်တွေးကြည့်စမ်းပါ
ခရေ တမာ မြေမှာကြဲလွင့်
မဖြေစရာ အလွမ်းပွင့်တွေနဲ့
တစ်သက်မှာ တစ်ခါသီး
ပေသီးလို လည်း ချစ်ခဲ့မိတယ်
ချစ်သဲရယ် ခုများဘယ်မှာ
လမင်း သာလို့ ကြွေယိုင်ကာ
အသဲတစ်ခြမ်းနဲ့ အချစ်ရေ
မောင် ကတော့ အမြဲလွမ်း ........

ဆောင်းနွေမိုးတွေ ပြောင်းရွေ့နေသ၍
မပြေသမျှတွေကို ကြွေပါရစေကွယ်
အပြင်မှာမတွေ့ အွန်မှာတွေ့ပေမယ့်
တစ်နေ့တစ်ရက် မမေ့ရက်ဘူး
တစ်လွှာတစ်ပွင့် ရွက်ဆွယ်တော်ဖြင့်
တစ်ညှာတစ်ရိုး ရွှေကြာရိုးလို
ချစ်များစွာနဲ့ ချစ်မိပါ၏ ....


မချစ်ဝံ့လို့ စွန့်ခွာမှတော့
ဟန်ဆောင်မှုတွေ ပြမနေပါနဲ့
လမ်းခွဲကြတာ ဓမ္မတာပါ
ဝမ်းနည်းစရာ မဟုတ်ပေမယ့်
တစ်ကယ်ချစ်ရင် အမှန်ခံစားရတာ
လောကရဲ့ နိယာမ ပေါ့
ရင်နင့်အောင်ချစ် အသက်ထက်မြတ်နိုး
မေတ္တာပိုးလို့ ချစ်ခဲ့မိတာကိုမှ
မတရားရက်စက် ဓါးထက်ထက်နဲ့
ရင်ခွင်ကိုထိုးလို့ ချစ်သူ ရေ
မင်း ပျော်ပါစေတော့ ကွယ် .....


ရင်ထဲမှာရှိ စိတ်ကလည်းသိ
မှုန်မှုန်ဝါးဝါး မပြတ်သားလည်း
ဟိုရင်တုန်းက တို့နှစ်ဦးဆုံတွေ့
ခုံတန်းရေးလေး ရှိနေသေးပေါ့
လက်ချင်းသွယ်ယှက် လျှောက်ခဲ့ဖူးတဲ့
မြေနီနီလမ်း ပြန်တွေးကြည့်စမ်းပါ
ခရေ တမာ မြေမှာကြဲလွင့်
မဖြေစရာ အလွမ်းပွင့်တွေနဲ့
တစ်သက်မှာ တစ်ခါသီး
ပေသီးလို လည်း ချစ်ခဲ့မိတယ်
ချစ်သဲရယ် ခုများဘယ်မှာ
လမင်း သာလို့ ကြွေယိုင်ကာ
အသဲတစ်ခြမ်းနဲ့ အချစ်ရေ
မောင် ကတော့ အမြဲလွမ်း .......

No comments:

Post a Comment