ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, January 19, 2013

♥ ♥ ကဗျာ မျက်ရည် ♥ ♥


 


 


♥ ချစ် သူ ရေ
စတောင်မစ ရသေးတဲ့
မောင့် တို့ ဇတ်လမ်း
၃နဲ့၎ ပမာ အလား
ခု တစ်ကယ်ဝေးတော့မှာလားကွယ် ♥

♥ ချစ် သူ ရေ
အနမ်းတစ်ခါ မဆုံပေမယ့်
အလွမ်း အခါခါ ကြုံတော့
ဘဝင်တုန်မလန်း ရင်ခုန်နန်းမှာ
အသည်းကြွေနွမ်း မျက်ရည်ခန်းလို့
အားအင်ဖြေလျော့ ငိုမိတော့တယ် ♥

♥ ချစ် သူ ရေ
အပေါ်ယံအလှ တရားတွေနဲ့
မောင့် မေတ္တာကို ဈေးမဖြတ်နဲ့နော်
စိန် ရွှေ ဆိုတာ အဖိုးထိုက်တန်
အမျိုးမှန်လို့ စံတင်လောက်ပါရဲ့
ဒါပေမယ့်လေ ပကာသနမို့
အထက်တန်းရဲ့ တခဏပါကွယ် ♥

♥ ချစ် သူ ရေ
မောင့်မေတ္တာက အလွှာမရှိ
ပကတိလေ သစ္စာအဆင်း
သတိရခြင်းနဲ့ အမြဲတမ်းတစ်သက်
စွဲလန်းလျက်ရယ် အချစ်ဆုံးမို့
ချစ်တာတွေကို သိပါစေကြောင်း
မောင် ဆုတောင်းရင်း
ဖြေသမျှမပြေတဲ့ အလွမ်းတွေကို
ကဗျာမျက်ရည်က ပြောလိမ့်မယ် ♥
 

No comments:

Post a Comment