
ဘဝအမော မပြေတဲ့
ဝေသောရွက်တို့ ကြွေသောနွေမှာ
သောကအပူ ရင်ဝယ်ဆူလှိုက်
အလွမ်းများကို ကျောမှာပိုးလွယ်
အဆွေးတွေနဲ့ အဖော်ပြုရင်း
မှောင်သောလမ်းမှာ စမ်းတဝါးဝါးနဲ့
ပျောက်သော မေ့ ကို ရှာခဲ့တယ် ♥♥
ရေကြည်တွေနောက် ခြေရာဖျောက်လဲ(လည်း)
နွေကြို ဥသြ တေးဆိုသောခါ
ကြင်နာနှောင်ရစ် အရမ်းချစ်တဲ့
ထိုအတူဘဲ ချစ်သက်ညှာက
ချစ်ခွန်းမှုနွဲ ဆိုခဲ့ပါသော
လွမ်းနာမိလို့ အသည်းသာရှိ
အခွံချည်းကျန် မေ မသိပြန် ♥♥
ခုများဆိုတော့ အစဉ်ဝေးပြီမို့
မောင့်ရင်တွင်းမှ တေးဆိုသောငှက်
မရှိလေတော့ ဒီဘဝတွင်
လွမ်းရင်းတမ်းတ လွမ်းဖျားစရင်း
သခင်သွားရာ မပါလေတိုင်း
အလွမ်းများစု ပါးပြင်နုတွင်
မျက်ရည်ဥတွေ ကြွေပြီ မေ ♥♥♥
ကဗျာရှင် အရမ်းကောင်းပါတယ် ယူသွားတယ်နော် ဒီထက်မက
ReplyDeleteအောင်မြင်ပါစေ