
ဆောင်း ရယ်...
အချစ်ကိုယုံ မေတ္တာအကုန်
သစ္စာတွေပုံ ချစ်ခဲ့တာတော့
ဆောင်း သိမှာပေါ့နော်
တစ်ကယ်ဆိုလေ မောင့် မာနတရား
~ ဆောင်း~
ခြေဖဝါးအောက် ရောက်အောင်ပေးဆပ်
ချစ်တက်ခဲ့ရင်း ယုံကြည်ရင်းမှ
အပယ်ခံဘဝ အပူဒဏ်ခတော့
ညှိုးလျနွမ်းသွေ့ မချမ်းမြေ့လျက်
မုသားစကား ပြောဖန်များလည်း
ပြောသမျှကို ယုံမိတယ် .....
သစ္စာတွေလှပ် မေတ္တာတွေရပ်
ဝေးရာဝေးရာ ထွက်သွားပါတော့
တမင်ခွာလို့ လမ်းခွဲကြခြင်း
ဝေးကွာခြင်းထက် ဆင်းရဲအနာက
ဒဏ်ရာမရှိ ရင်မချိပါ
ဝေဒနာသစ်ဆဲ ဖန်လာမြဲမို့
ဒီကမ္ဘာ သံသရာထဲမှာ
တစ်ခါလောက်တော့ ဆုံချင်သေးတယ်....
ပြောသာပြောရ ရေပေါ်မှာအရုပ်ရေး
အဲဒါကမှ လွယ်သေးတယ်နော်
မြက်တစ်ပင်လို ဆောင်း ကိုလေ
အမျှင်မရှိ တိခနဲ့ပြတ်
ဖြတ်လွယ်ပြတ်လွယ် တွယ်တာမရစ်
နေချင်မိတယ် ဒါပေမယ့်လေ
ဖြတ်ချိုးသော်လည်း အမျှင်တွဲနှင့်
ခွဲခွာခက်ခဲ ကြာနွယ်ပဲမို့
မောင့်ကိုယ်မောင်ဘဲ ရင်နာတယ် .....
No comments:
Post a Comment