ပန်းကလေးတွေလို အဖူးကနေ ငုံ
အ ငုံ ကနေပွင့် ချစ်ရလွန်းလို့လွမ်း
အဆန်းလားဟင် ထာဝရမို့
သဘာဝပါကွယ် ~~
သစ္စာရေချိုး ရွက်နုတိုးစေ
အစဉ်မေ့မပျောက် ရင်ထဲရောက်လို့
သမုဒယကြိုးကျစ် အရမ်းဘဲ ချစ် ~
တစ်ကယ်ပါဘဲ အဖြစ်သည်းတယ်
ပိုတတ်ရန်ကော အများပြောရင်
လှိုင့် ကိုမြင်မှ ရင်မှာကြည်မွေ့
တွေ့မှကြည်နူး ♥ လှိုင် ♥ ဟာလေ
မောင့်အချစ်ဦး ပါ ~~
လှိုင် မှ လှိုင် ပါဘဲကွယ်
ပူသမျှ အပူတွေကို
အတူမျှကာ ယူကြစို့လား
စွဲလန်းနှောင်ရစ် အချစ်ကြီးချစ်မိ
သံယောဇဉ်ကြိုး လျော့သွားရိုးလား
ထပ်တိုးနှောင်ရစ် မပျယ်သောအချစ်နဲ့
မမေ့ဆယ်ကမ္ဘာ နှောင်းသံသရာထိ
မေတ္တာဆိုတဲ့ ပန်းနုလွှာ
သိမ်းဆည်းကာ ရင်မှာစု
ဩော် လှိုင့် အတွက်ပါဘဲ ~~~

No comments:
Post a Comment