ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, January 19, 2013

^,^ ကြယ်ကြွေ တဲ့ ည ^,^



ချစ်သူရေ ♥♥♥
နေရောင်ခြည်တွေ အကျဉ်းချထားတဲ့
မှောင်မိုက်တဲ့ ညအမှောင်မှာ
မောင် အလွမ်း ကဗျာတစ်ပုဒ်
အသက်သွင်း မိခဲ့ပြန်ပေါ့ ......

ချစ်သူရေ ♥♥♥
နှင်းစက်တွေက တစ်လွင့်လွင့်ကြွေ
ဖြာဝေကြွေဆင်း မြေပေါ်ခ ရင်း
မျက်ရည်တွေ သွန်းချဖူးတယ်
နင့် ကိုလွမ်းလို့ ........

ချစ်သူရေ ♥♥♥
အပူလှိုင်းမိ လူတိုင်းသိတော့
အပယ်ခံဘဝ ချောက်ထဲကြတာကမှ
ဝေဒနာတွေ ဖြေသာသေးတယ်နော် ....

ချစ်သူရေ ♥♥♥
ထွက်ခွာသွားသူက မေ့နိင်ပေမယ့်
မနေတက် အနေခက်လို့
နုံးချိချိ မောင့်အသည်း
လူတောတောင် မတိုးရဲတော့ပါဘူး ....

ချစ်သူရေ ♥♥♥
လမင်းကွယ်ပျောက် အလင်းမရောက်
အစဉ်မေ့ပျောက် ရင်ထဲမရောက်တော့
အသည်းနစ်အောင် ခံစားရတယ် .....

ချစ်သူရေ ♥♥♥
မောင့်တို့တွေက နေ နဲ့ လ လို
ပြန်မဆုံ နိင်ကြတော့ဘူးလား
အချစ်နဲ့ဘဝ တစ်ထပ်ထဲကြဖို့
အတူတူ သစ္စာဆိုဆုတောင်းဖူးတယ် 
မှောင်လွန်းတဲ့ ည တိမ်ဖုံးတဲ့ ည
သတိရလို့ တမ်းတနေတာ အခါခါပါ 
ဒါပေမယ့်လေ နှင်းတွေရဲ့ ည
ရင်မှာ ကြယ်ကြွေကျတာ
မောင် ကလွဲပြီး ဘယ်သူကများ
မြင်နိင်မလည်း ချစ်သူ ရယ် ♥♥ 

No comments:

Post a Comment