
လွမ်းရိပ်ဝေတဲ့ နွေဦးမှာပေါ့
လွမ်းတေးတွေဆို လွမ်းကဗျာတွေရေး
မမောနိုင်ရှာတဲ့ မောင့်ဘဝလေ.....
လေရူးပွေလို့ ပုရစ်ဖူးကြွေပေါ့
ချစ်ရတစ်ရက် လွမ်းရက်တစ်ရာ
တမ်းတရက်တွေ ကုဋေကုဋာနဲ့
အလွမ်းဝေဒနာ ရင်မှာပိုက်လို့
နွေတစ်ရာထက် အိုက်ခဲ့တယ်.....
လွမ်းတယ် လွမ်းတယ် ဟာ
အညာရဲ့ ပန်းချီကားလိုဘဲ
လေပူတွေကြားမှာ တမှေးအိပ်စက်ခွင့်
ဝေးနေတဲ့ အမေ့ ရဲ့ ရင်ခွင်လေးကိုရော
ပင်ထနောင်းနဲ့ ငယ်ပေါင်းတွေရော
ပျော်စရာတွေ ဝေဝေစည်ပြီး
ံဖုံတထောင်းထောင်း ထနေတဲ့ ဘုရားပွဲပါမကျန်
တစ်နေ့တစ်ရက် မမေ့ရက်တဲ့
မောင့် ချစ်သူသက်ထားကိုရော
အို အမှတ် ရစရာတွေ
လွမ်းတေးတွေဆို လွမ်းကဗျာတွေရေး
မမောနိုင်ရှာတဲ့ မောင့်ဘဝလေ.....
လေရူးပွေလို့ ပုရစ်ဖူးကြွေပေါ့
ချစ်ရတစ်ရက် လွမ်းရက်တစ်ရာ
တမ်းတရက်တွေ ကုဋေကုဋာနဲ့
အလွမ်းဝေဒနာ ရင်မှာပိုက်လို့
နွေတစ်ရာထက် အိုက်ခဲ့တယ်.....
လွမ်းတယ် လွမ်းတယ် ဟာ
အညာရဲ့ ပန်းချီကားလိုဘဲ
လေပူတွေကြားမှာ တမှေးအိပ်စက်ခွင့်
ဝေးနေတဲ့ အမေ့ ရဲ့ ရင်ခွင်လေးကိုရော
ပင်ထနောင်းနဲ့ ငယ်ပေါင်းတွေရော
ပျော်စရာတွေ ဝေဝေစည်ပြီး
ံဖုံတထောင်းထောင်း ထနေတဲ့ ဘုရားပွဲပါမကျန်
တစ်နေ့တစ်ရက် မမေ့ရက်တဲ့
မောင့် ချစ်သူသက်ထားကိုရော
အို အမှတ် ရစရာတွေ
အကုန်လုံးကို လွမ်း လွမ်း တယ်
No comments:
Post a Comment