ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, January 11, 2013

~!~! ဝေး ကြ ပြီ ~!~!



မေရေ ~~~

ရင်တွင်းမှာက အပူမမျှလေတော့

ရေးကာနေတဲ့ လွမ်းကဗျာတွေ

ဘယ်သူမှမမြင် ဘယ်သူမှမသိပေမယ့်

မေ သိစေ သက်သေညွှန်းလို့

အဖော်တစ်သက် မခေါ်ရက်တော့

ပျော်လျက်ပျော်ရာ နေပါတော့ကွယ် ......


ရာသီဖောက်ပြန် မုန်တိုင်းထန်ပေါ့

အလွမ်းငွေ့ဝေ မိုးသက်ဆွေကြော့

ဖြေမလျော့တဲ့ ရာသီနှယ်

အထီးကျန်ဆွေး မတွေ့တစ်သက်ဝေး

ရာသက်ပန် ဒီအလွမ်းတွေနဲ့

လှမ်း လှမ်း ၍ ကမ္ဘာတွေခြား

အချစ်ရယ် ♥♥♥

ဝေး ဝေး ကြ ပြီ လား .......
  

No comments:

Post a Comment