အလွမ်းတွေက ဝေ
ပန်းတွေလည်း ကြွေ
ချစ်သူ့ဆံနွယ်ကြား ညင်သာစွာ
ဆော့ကစားတတ်တဲ့
လေပြေညှင်းရေ.....
ချစ်သူက ရှောင်ပုန်းလေတော့
လေပြေညှင်းလည်း
ဘယ်စီလွင့်လို့ ဘယ်နားခိုလည်း
မောင် မသိပေါ့ ......
နေ့ရက်တွေမချို
အနာဂတ်တွေ ပြို အိပ်မက်တွေပျိုး
ခိုင်မြဲစွာ တွဲတဲ့လက်ကို
ရက်စက်စွာနဲ့ ချစ်သူက
အဆိပ်ခတ်တော့မှာလား .......
အဆွေး နှလုံးသားနဲ့လူ
အပြုံးများသာ လှူရင်း
အိပ်ပျက်ညရဲ့ သန်းခေါင်ယံမှာ
ငှက်ဆိုးတွန်သံကိုလဲ
နားဆင်ခဲ့ဖူးပြီ .....
ရင်ထဲကအချစ်တစ်ခု နှလုံးသားနဲ့ရင်း
မျှော်လင့်ခြင်းတွေ ကင်းနေလည်း
သောကကင်းမှ အိပ်စက်နိုင်မယ့်ဘဝ
စိတ်ဓာတ်တွေ အတုန်းအရုန်းကျတောင်
ဖြတ်မရတဲ့ သံယောဇဉ်နဲ့အတူ
မရဏရဲ့ အမှောင်လမ်းမှာ
ဝိုးတဝါးနဲ့ မောင် လျှောက်လှမ်းလို့
ကမ်းလင့်လာမယ့် လက်တစ်စုံ
ရင်တုန်စွာနဲ့ တိတ်တဆိတ်လေးပဲ
မျှော်လင့်ခွင့်လေးပြုပါ ချစ်သူရယ် ......
ကဗျာလေးက ရင်ထဲထိတယ်ဗျား
ReplyDelete