ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, January 25, 2013

!! မေ တစ်သက်ပျော်ပါစေ !!





ကောင်းကင်လို မြင့်မား

နန်းတော်လို မခမ်းနား

ဘဝသမားမို့ အလှစကားတွေနဲ့

ခဏ အနားမှာ မနေနိင်တော့


ထားခဲ့မှာ မဟုတ်လားကွယ်

သွားမယ်ဟာ သွားပါတော့နော်

နားနဲ့မနာ ဖဝါးနဲ့နာဆိုပြီး

သနားငဲ့ညှာဘို့ အကြောင်း

တောင်ပန်စရာ မလို

ဝေးသွားမှ ဒဏ်ရာတွေမြင်

အသဲတွေနွမ်း မငိုစမ်းပါနဲ့ မေ ...


ထားခဲ့ ကျန်ရစ် မောင့် အချစ်ရေ

မဟန်တဲ့ အခါ ပြန်လှည့်လာပါ

မျှော်လင့်စောင့်စား သစ္စာထားလို့

ကျန်တဲ့အရာတွေ မစဉ်းစားနဲ့ပေါ့

တစ်ကယ်လိုများ အရူံးတံခါးကိုထုပြီး

အမုန်းတရားတွေနဲ့ မေ ဝင်လာရင်

ရွှေရင်ခွဲလို့ အသည်းပါပေးမယ်

      မေ တစ်သက်ပျော်ပါတော့နော် .......
 
  

♥♥♥ ခရေ ပန်းလေး ♥♥♥



ဝေ ချင် တိုင်း ဝေ

ပွင့် ချင် တိုင်း ပွင့်

လေ ဆန် တိုင်း မွှေး

ပွင့် လျှင် လည်း နမ်း

နွမ်း လျှင် လည်း ကောက်

ခြောက် လျှင် လည်း သိမ်း

တိမ်း ညွှတ် တွယ် မက်

သည် တစ် သက် မှာ 

စွဲ လန်း စေ မည့်

သွား လေ ရာ ကို

ရ နံ့ ပေး တဲ့

မောင့် အတွက် တော့

ချစ် ဟာ ခရေ လေး ပေါ့ ♥♥♥
 
 
  

!.! အရုပ်ကလေးပါ !.!



အချိန်တိုင်း နင့်ကိုလွမ်းနေတဲ့

စိတ်တွေကို တားဆီးဖို့

နှလုံးသားကိုပဲ

အဆိပ်ခတ်ရမလား

မျှော်နေပေမယ့်

ပေါ်မလာသူ အတွက်

လွမ်းရတဲ့ အသိစိတ်ကိုဘဲ

မုန်းနေမိတယ်

နေနိုင်သူ နင့် အတွက်ကတော့

မောင် ဆိုတဲ့ ကောင်က

ဆော့ကစားစရာ အရုပ်တစ်ရုပ်ပါပဲလေ
 

*^* အိုဘယ့် မိခင် ကျေးဇူးရှင် *^*




မြင်မိုရ်တောင်ဦး မကကျူးသည့်
ဘုရားနဲ့တဂိုဏ်း အားလုံးနှိုင်းပေါ့
သန္ဓေလွယ်ထား လူမမယ်သားအား
ဖွားမြင်မြောက်စေ လူဖြစ်စေ၍
သွေးမှကျစမ်း နို့ရည်ချမ်းကို
တိုက်ကျွေးသမှု အမေပြုတယ် .....

ရည်ရွယ်မှန်းဆ နှစ်များတာရှည်
ဝေးတမြေမှ ဆွေးစိတ်ပိုကဲ
ပြာသိုတိုင်းဝယ် မျက်ရည်ဝိုင်းလို့
လွမ်းလို့မပြေ ချစ် မေမေ .....

အများပြောတယ် အမေများ နေ့တဲ့
ပြက္ခဒိန်ရှိတယ် ရက်အချိန်သိတယ်
ဒါပေမယ့်လေ မျက်ရည်တွေကျ
ငိုခဲ့ရပေ အဝေးရောက်နေ
သားတို့သမီးတို့ ဘဝတွေပါအမေ ....

မြင်မိုရ်တောင်ကြီး ဘယ်လောက်ကြီးလည်း
မမြင်ဘူးလို့ သားမသိဘူး
သား မသိဘူး အမေ
စာအုပ်စာပေ ဖတ်မိပေမယ့်
သား ဥာဏ်လောက်နဲ့ ပူဇော်ရတာ
အားမရဘူး အမေ
မြင်မိုရ်တောင်ကြီး ကြီး ချင် ကြီး
သမုဒ္ဒရာကြီး ကျယ် ချင် ကျယ်
ပင်လယ်ရေတွေ များ ချင် များ
အရာအားလုံးထက် ကြီးမားအစဉ်
သား သမီးတို့ အမြင်ပါ အမေ
အမေ့ မေတ္တာ လ ပမာထင်မိ
ညတွေမှောင်လည်း အလင်းပေးဝေ
ရှေဆောင်လမ်းပြ နေမင်းသို့အလား
သဗ္ဗေသတ္တာ အဝေယျာဟု
မေတ္တာပို့ပေး မွေးမေတိုင်းကိုလေ
အစဉ်သာထာဝရ ရင်မှာဂါဝရနဲ့
လက်ဆယ်ဖြာ ထိပ်မှာမိုးလို့
သား အကြိမ်ကြိမ်ကန်တော့လိုက်ပါတယ်...

♥! မာယာ ရှင်မလေး သို့ !♥



ချစ်သူရယ် သိပ်လှတဲ့

အပြုံးတုတွေ အောက်မှာ

အဆိပ်တွေ ရှိခဲ့တယ်ဆိုတာ

မဖတ်တက်မိခဲ့တာ မောင့် အမှားလား

ဒီဘဝမှာ ချစ်ခွင့်မရှိ တော့ရင်တောင်မှ

ရင်မှာမြတ်နိုး တိတ်တခိုးတော့

ချစ်ခွင့်ရှိပါရစေ ချစ်သူရယ်

မင်းပေးတဲ့ အမုန်းဒဏ်ရာ

ကဗျာတစ်ပုဒ်နဲ့ ဖြေသိမ့်လို့ရေး

လူးလိမ့်အောင်ဘဲ ခံစားရခတ်

ဒါတောင်မှ မင်းကနိင်ယူ

မောင့် မျက်ရည်စနဲ့ ခြေဆေးချင်သေး

ဩော် ခတ်ပါလား မာယာရှင်မလေးရယ်
  

♥! ကြွေသောမျက်ရည် မေသိစေ !♥




ဘဝအမော မပြေတဲ့
ဝေသောရွက်တို့ ကြွေသောနွေမှာ
သောကအပူ ရင်ဝယ်ဆူလှိုက်

အလွမ်းများကို ကျောမှာပိုးလွယ်
အဆွေးတွေနဲ့ အဖော်ပြုရင်း
မှောင်သောလမ်းမှာ စမ်းတဝါးဝါးနဲ့
ပျောက်သော မေ့ ကို ရှာခဲ့တယ် ♥♥

ရေကြည်တွေနောက် ခြေရာဖျောက်လဲ(လည်း)
နွေကြို ဥသြ တေးဆိုသောခါ
ကြင်နာနှောင်ရစ် အရမ်းချစ်တဲ့
ထိုအတူဘဲ ချစ်သက်ညှာက
ချစ်ခွန်းမှုနွဲ ဆိုခဲ့ပါသော
လွမ်းနာမိလို့ အသည်းသာရှိ
အခွံချည်းကျန် မေ မသိပြန် ♥♥

ခုများဆိုတော့ အစဉ်ဝေးပြီမို့
မောင့်ရင်တွင်းမှ တေးဆိုသောငှက်
မရှိလေတော့ ဒီဘဝတွင်
လွမ်းရင်းတမ်းတ လွမ်းဖျားစရင်း
သခင်သွားရာ မပါလေတိုင်း
အလွမ်းများစု ပါးပြင်နုတွင်

မျက်ရည်ဥတွေ ကြွေပြီ မေ ♥♥♥
  

Saturday, January 19, 2013

♥ ♥ ရင် တွင်း ဆန္ဒ ♥ ♥



 မကြင်နာလို့ တမင်ခွာပြေးလည်း 


ရင်မှာဆွေးလို့ လွမ်းကဗျာနဲ့သာ

မျက်ရည်စမ်းကျ ဖြေရမှာပ

အမုန်းဆိုတာ ဝေလာဝေး

သေချာတွေးပါ ချစ် သဲ ရယ် ♥ ♥ ♥


အကြောင်းမစပ်လို့ မပေါင်းအပ်လည်း

ကောင်းမြတ်သလိုသာ ဆုံးဖြတ်တော့ကွယ်

မေတ္တာတရားရော သစ္စာတရားပါ

မောင့်ရင်မှာထား ရှိနေသားမို့

ဘဝတွေက မလှသော်ညား

ရင်တွင်းဆန္ဒ တွေ့ခွင့်လေးကိုမှ

မေတ္တာတရား တန်းဖိုးထားလို့

မဝေးချင်သေး ဒီချိန်လေးမှာ

တွေ့ခွင့်လေးတော့

မျှော်လင့်မိတယ်

♥ ချစ် သူ ရယ် ♥
 

♥ ♥ ကဗျာ မျက်ရည် ♥ ♥


 


 


♥ ချစ် သူ ရေ
စတောင်မစ ရသေးတဲ့
မောင့် တို့ ဇတ်လမ်း
၃နဲ့၎ ပမာ အလား
ခု တစ်ကယ်ဝေးတော့မှာလားကွယ် ♥

♥ ချစ် သူ ရေ
အနမ်းတစ်ခါ မဆုံပေမယ့်
အလွမ်း အခါခါ ကြုံတော့
ဘဝင်တုန်မလန်း ရင်ခုန်နန်းမှာ
အသည်းကြွေနွမ်း မျက်ရည်ခန်းလို့
အားအင်ဖြေလျော့ ငိုမိတော့တယ် ♥

♥ ချစ် သူ ရေ
အပေါ်ယံအလှ တရားတွေနဲ့
မောင့် မေတ္တာကို ဈေးမဖြတ်နဲ့နော်
စိန် ရွှေ ဆိုတာ အဖိုးထိုက်တန်
အမျိုးမှန်လို့ စံတင်လောက်ပါရဲ့
ဒါပေမယ့်လေ ပကာသနမို့
အထက်တန်းရဲ့ တခဏပါကွယ် ♥

♥ ချစ် သူ ရေ
မောင့်မေတ္တာက အလွှာမရှိ
ပကတိလေ သစ္စာအဆင်း
သတိရခြင်းနဲ့ အမြဲတမ်းတစ်သက်
စွဲလန်းလျက်ရယ် အချစ်ဆုံးမို့
ချစ်တာတွေကို သိပါစေကြောင်း
မောင် ဆုတောင်းရင်း
ဖြေသမျှမပြေတဲ့ အလွမ်းတွေကို
ကဗျာမျက်ရည်က ပြောလိမ့်မယ် ♥
 

♥ မောင့် လိပ် ပြာ လေး သို့ ♥


 
 
အတိတ်ကမ္ဘာ မဝေးတဲ့

♥ချစ်♥ဘဝလေးမှာ လိပ်ပြာလေးလို

နေချင်မိတော့ နှလုံးသားမယ်

ဆေးသားခြယ်လို့ ချစ်ကဗ္ဗည်းလေး

ရေးထိုးမိတယ် ဒီလိုပါကွယ် ♥♥♥

တစ်ပင်ထဲရယ် ရင်ထဲသို့တွယ်

နွယ်ပင်များလား ခွေ ခွေ ကာရစ်

မဖြည်ရစ်တဲ့ သံယောဇဉ်ရယ်

ဟန်ဆောင်ကာမယ် မူမလုပ်ပါဘူး

ပူသမျှရယ်တဲ့ အပူတွေကို

အတူမျှကာ ယူချင်တယ် ♥♥♥

လေလာတိမ်းပါး ယိမ်းကစားသည့်

အပင်များလည်း မဟုတ်ရပါ

မြေပေါ်ရွက်ကျ ရှင်သန်စေသား

ရွက်ကျပင်များ မဟုတ်ရိုးပါ

နူတ်ယူလေတိုင်း ပါလာလေမြဲ

မြက်ခြောက်ပင်လည်း မဟုတ်ပါကွယ်

ရာသီပိတောက် နှစ်ခါဖောက်လည်း

မယွင်းသစ္စာ ချစ်မေတ္တာဖြင့်

တစ်သက်မှာ တစ်ခါ

တစ်ခါမှာသာ ဒီတစ်သီး

သစ္စာကြီးသည့် ပေးသီလိုသာ

ချစ်မိသူပါ ချစ်သူရယ် ♥♥♥
 

♥♥♥ ယုံ မှာ လား ♥♥♥



 
 
အလွမ်းတွေကို အဖော်ပြု

မောင် ချစ်တဲ့ အချစ်တွေ ရယ်

သစ္စာတူ တိုင်တည်ထား

မဝေးဘူးဆို ယုံသော်ညားလည်း

အနေဝေးလို့ ချစ်သူရယ်

ရေမြေရယ် တစ်ကယ်ခြား

လွမ်းနေမယ် ယုံမှာလားလို့

ဆုတောင်းကာ နေတော့မယ်

အလွမ်းဆိုတာ နောင်လာဝေးဘို့

ချစ်သူရယ် သိစေသား ♥♥♥
 

♥♥♥ မြတ် နိုး ဆဲ ♥♥♥

 
ဖူး ငုံ ဝေ ဖြာ


ချစ်သူ့ မျက်နှာ

ပင့် သက် တွေ ရှိုက်


ခိုး ကြည့် လိုက် ♥♥♥

ပွင့် ပန်း တိုင်း ပင်

နှိုင်း မ ယှဉ်

တ ဒ င်္ဂ အပြုံး

အ မြတ် နိုး ဆုံး ♥♥♥

ဝေ ဆာ နေ လည်း

မ ချူ ရဲ

ခပ် ဝေး ဝေး က

ငေး ကြည့် မြဲ

အ လှမ်း ဝေး လည်း


မြတ် နိုး ဆဲ ♥♥♥
 

♥♥♥ ချစ်♥သူ♥ရယ်♥♥♥


 
 
 
♥ ဂိန်မာန်ကာလ နေခြည်ခလျှင်

ချစ်သူထံပါး မြဲခစားသည့်

လေပြေနွေးသာ ဖြစ်ခြင်ပါ၏♥♥♥

♥ ဝသန်ကာလ မိုးစက်ကြလျှင်

ချစ်သူထံပါး မြဲခစားသည့်

ထီးကလေးသာ ဖြစ်ခြင်ပါ၏♥♥♥

♥ ဟေမာန်ကာလ နှင်းစက်ခလျှင်

ချစ်သူထံပါး မြဲခစားသည့်

နေခြည်နွေးသာ ဖြစ်ခြင်ပါ၏♥♥♥

♥ ဝမ်းနည်းကြေကွဲ သောကဘေးကြောင့်

ကျစမ်းမျက်ရည် ကူညီသုတ်ပေး

ပဝါလေးသာ ဖြစ်ဖြင်ပါ၏♥♥♥

♥ ဝမ်းသာကြည်နူး ပျော်ရွှင်မြူးလို့

ချစ်သူ နမ်းမဲ့ ပန်း မောင့်

ပါးကလေးသာ ဖြစ်ခြင်စမ်းတယ်

တစ်ပင်ထဲတွယ် ရင်ထဲက

မောင့် ချစ်သူရယ်♥♥♥
 

♥♥♥ သူ သိ ပါ စေ ♥♥♥


 
 
နေရောင်ကွယ်ပျောက် လမင်းရောက်တော့

ရင်ထဲမှာလည်း အေးချမ်းတယ်

လမင်းကွယ်ပျောက် နေရောင်မရောက်

အစဉ်မေ့ပျောက်မှာလည်း ကြောက်မိတယ်

ကိုယ်ချစ်ရှာလည်းဝေး သူချစ်ရှာလည်း

မဆွေး မဆွေးပါရစေနဲ့ 

ဘယ်တော့များမှ တို့နှစ်ဦးနီးစပ်ကြမှာလည်း

မဆုံနိင်တော့ဘူးလား နေ နဲ့ လ လိုလေ

ကံကြမ္မာက ရက်စက်စွာ 

ထားခဲ့ရင်တောင် ဆွေးမြေ့ကြေလွင့်

ရင်နင့်နင့်နဲ့ ချစ်ခဲ့တာကို

သိစေချင်လိုက်တာ ♥♥♥
 

♥♥♥ ကောင် မ လေး ရယ် ♥♥♥


 
♥ ကောင်မလေးရေ

သန်းခေါင်ယံ ညမိုက်မိုက်မှာ
အဖော်မဲ့လို့ဆွေး ဆွေးလွန်းလို့တွေး
တွေးရင်းနဲ့ရေး ရေးရင်းတွေးရင်း
ကြည့်တိုင်းကြည့်တိုင်း
အသည်းအိမ်လှိုင်းဝယ်
မြင်မြင်နေတာ နင့်ရုပ်လွှာပါ ........

♥ ကောင်မလေးရေ
မခို့တရို့ရှက်ပြုံး
မျက်လုံးတစ်ချက်
နင့်ဝှေ့ကြည့်တိုင်း ရင်ထိပြီး
ရူးခဲ့တာက ငါ ပါဟာ .......

♥ ကောင်မလေးရေ
တဒင်္ဂကြည့်မိတဲ့ နင့်မျက်ဝန်း
တစ်စုံကြားမှာ ငါ နှလုံးသားတွေ
တုန်ခါမိတော့ ခံစားနေရတဲ့
ငါ့ နှလုံးသား နင့် ကြောင့်လို့ပြောရင်
နင် ယုံကြည်ပေးပါနော် .....

♥ ကောင်မလေးရေ
နင့်ကို အရမ်းချစ်မိပေမယ့်
မာနဆိုတဲ့ နင့် အတ္တတရားက
ငါ့ ကိုတွေဝေစေတယ်
မရေမရာ မသေချာတဲ့
ဇဝေဇဝါ ငါ့ မနက်ဖြန်တိုင်းကို
နင့် အချစ်တွေ နဲ့ ဖြတ်ကျော်ခွင့်
         ပေးပါလား ကောင်မလေးရယ် ........

^,^ ကြယ်ကြွေ တဲ့ ည ^,^



ချစ်သူရေ ♥♥♥
နေရောင်ခြည်တွေ အကျဉ်းချထားတဲ့
မှောင်မိုက်တဲ့ ညအမှောင်မှာ
မောင် အလွမ်း ကဗျာတစ်ပုဒ်
အသက်သွင်း မိခဲ့ပြန်ပေါ့ ......

ချစ်သူရေ ♥♥♥
နှင်းစက်တွေက တစ်လွင့်လွင့်ကြွေ
ဖြာဝေကြွေဆင်း မြေပေါ်ခ ရင်း
မျက်ရည်တွေ သွန်းချဖူးတယ်
နင့် ကိုလွမ်းလို့ ........

ချစ်သူရေ ♥♥♥
အပူလှိုင်းမိ လူတိုင်းသိတော့
အပယ်ခံဘဝ ချောက်ထဲကြတာကမှ
ဝေဒနာတွေ ဖြေသာသေးတယ်နော် ....

ချစ်သူရေ ♥♥♥
ထွက်ခွာသွားသူက မေ့နိင်ပေမယ့်
မနေတက် အနေခက်လို့
နုံးချိချိ မောင့်အသည်း
လူတောတောင် မတိုးရဲတော့ပါဘူး ....

ချစ်သူရေ ♥♥♥
လမင်းကွယ်ပျောက် အလင်းမရောက်
အစဉ်မေ့ပျောက် ရင်ထဲမရောက်တော့
အသည်းနစ်အောင် ခံစားရတယ် .....

ချစ်သူရေ ♥♥♥
မောင့်တို့တွေက နေ နဲ့ လ လို
ပြန်မဆုံ နိင်ကြတော့ဘူးလား
အချစ်နဲ့ဘဝ တစ်ထပ်ထဲကြဖို့
အတူတူ သစ္စာဆိုဆုတောင်းဖူးတယ် 
မှောင်လွန်းတဲ့ ည တိမ်ဖုံးတဲ့ ည
သတိရလို့ တမ်းတနေတာ အခါခါပါ 
ဒါပေမယ့်လေ နှင်းတွေရဲ့ ည
ရင်မှာ ကြယ်ကြွေကျတာ
မောင် ကလွဲပြီး ဘယ်သူကများ
မြင်နိင်မလည်း ချစ်သူ ရယ် ♥♥ 

Friday, January 11, 2013

♥ !!! မေတ္တာဆိုတဲ့ ပန်းနုလွှာ !!!♥



ပန်းကလေးတွေလို အဖူးကနေ ငုံ


အ ငုံ ကနေပွင့် ချစ်ရလွန်းလို့လွမ်း

အဆန်းလားဟင် ထာဝရမို့

သဘာဝပါကွယ် ~~



သစ္စာရေချိုး ရွက်နုတိုးစေ

အစဉ်မေ့မပျောက် ရင်ထဲရောက်လို့

သမုဒယကြိုးကျစ် အရမ်းဘဲ ချစ် ~


တစ်ကယ်ပါဘဲ အဖြစ်သည်းတယ်

ပိုတတ်ရန်ကော အများပြောရင်

လှိုင့် ကိုမြင်မှ ရင်မှာကြည်မွေ့

တွေ့မှကြည်နူး ♥ လှိုင် ♥ ဟာလေ

မောင့်အချစ်ဦး ပါ ~~


လှိုင် မှ လှိုင် ပါဘဲကွယ်

ပူသမျှ အပူတွေကို

အတူမျှကာ ယူကြစို့လား

စွဲလန်းနှောင်ရစ် အချစ်ကြီးချစ်မိ

သံယောဇဉ်ကြိုး လျော့သွားရိုးလား

ထပ်တိုးနှောင်ရစ် မပျယ်သောအချစ်နဲ့

မမေ့ဆယ်ကမ္ဘာ နှောင်းသံသရာထိ

မေတ္တာဆိုတဲ့ ပန်းနုလွှာ

သိမ်းဆည်းကာ ရင်မှာစု

ဩော် လှိုင့် အတွက်ပါဘဲ ~~~