
ရွက်ဝါလေးတွေလည်း မြေပြင်မှာကျဲပြီမေ
တစ်မိုးကုန်လို့ တစ်ဆောင်းပင်ပြန်သစ်
ဝေဟင်မှာဝဲကာပြန်ရင်း အဖော်မဲ့တဲ့
ငှက်ကလေးတွေလို့ မောင်ရင်ထဲမှာလည်း
အထီးကျန်လို့ အပျော်မဲ့ရက်တွေနဲ့
အသဲတွေလည်းခြောက် အလွမ်းတွေလည်းပျောက်
အသဲအသက်ကြားမှာ အချစ်ပိုတာကို
သိရဲ့သားနဲ့ အချိုအဖြစ်တွေကိုမှ
မောင်ချစ်မိခဲ့တာပ အခိုင့်တစ်ခိုင်အသဲနဲ
မေယုံပါလို့ ပုံပြင်တွေလည်း မပြောတော့ပါဘူး
သမုဒယမေတ္တာကမ္ဘာ ဟိုး တစ်ဖက်ကမ်းက
အတုအပမပါတဲ့ အချစ်စစ်ကိုသာ
မျှော်လင့်တောင်းတ ပိုချစ်မိသူ
မောင့်လိုလူသာ အလွမ်းတွေဖြာရင်း
နှလုံးသားမှာလည်း အရူံးများနဲ့ကြေကွဲခဲ့ရပြီ မေ
No comments:
Post a Comment