
မမြင်ရဘူး ရင်သို့ဆူးပြီ
မဖွင့်ရဲဘူး အသည်းဆိုင်မှာ
ခိုင်မြဲနစ်မြုတ် မောင့်ရုပ်သွင်က
ရင်တွင်းပိုက်ထွေး အတွေးများနဲ့
အိပ်ပျက်ရက်ရှည် ကြာခဲ့ပါပြီ
မောင် ရေ ........
မောင့်ကိုချစ်လို့ မောင့်ကိုလွမ်းရင်း
အကြင်နာရယ် နှစ်တစ်ရာမပြယ်
ရင်ခွင်နမ်းမှာ ချစ်ပန်းသီလို့
ရေကြည်ဖျန်းတဲ့ စမ်းလို့ပမာနှယ်
အတူတွဲလို့ မေ့အသည်းညှာဦး
မောင်နဲ့သာဆို တမိုးအောက်မှာ
တစ်ယောက်ထဲမို့ တူယှဉ်တွဲလို့
ဂျောက်ထဲလည်း ဆင်းရဲပါတယ်
မောင် ရယ် .....
ဟောဒီကမ္ဘာ ရှည်ကြာစေအုံး
စက္ကန့်မလပ် အချိန်းတိုင်းဝယ်
မခွဲတမ်းသာ ရာသက်ဆုံးတိုင်
ချစ်နေမိတယ် မေတ္တာချစ်ခရီး
ရွှေလက်တွေကို ခိုင်ခိုင်တွဲလို့
အသိခြင်းဖလှယ် လည်တိုင်ကျော့ကျော့
မော့ကာသာဘဲ မောင့်ပခုံးကိုမှီ
အပြုံးသီလို့ စကားဆိုမယ်
ကုဋေတစ်ရာ မကနိုင်တဲ့
မေ့ ချစ်သစ္စာတွေကိုပါ
မောင် ရယ် ....
နာရီတွေပြောင်း ရာသီတွေဟောင်း
ဘယ်အခါမှ မပြောင်းပါဘူး
မောင့်ကိုချစ်လို့ ကဗျာစာသ
ဟိုအရင်ဘဝက ရေစက်ပါမောင်
နေရောင်ခြည်တွေ နေ့မှာလင်းသလို
ညအခါမှာ လမ်းပြကြယ်မို့
မေ ကလည်းလေ အရိပ်သဖွယ်
တစ်နယ်တစ်ကျေး အလှမ်းကွာဝေးတောင်
အမုန်းမဖတ် ဆုံးတစ်သက်ထိ
ချစ်တယ် မောင် ......
No comments:
Post a Comment