ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, December 3, 2012

♥ ချစ် နှ မ သို့ ♥

 

ဖွဲ့နွဲ့ကဗျာ လွမ်းရင်းငိုမော

သောကနှိပ်စက် အိပ်ပျက်ညတွေ

ကြာနေပါလည်း နှလုံးပူနွေး

ရင်ခုန်သေးတယ် ချစ်နှမရယ် .....


မူန်မူန်ဝါးဝါး မပြတ်သားလည်း

ရင်ထဲမှာရှိ စိတ်ကသိသည်

သစ္စာတရား မေတ္တာထားလို့

ပေါင်ကူးရှက်နွယ် ချစ်ကြိုးသွယ်ရင်း

တွယ်တာသနား သူ့ အနားမှ

ကိန္နရီချောင်းခြား မဝေးပါရစေနဲ့လား ....


လူကြုံပါး၍ မောင့်အားပေအပ်

့ချစ်သူ့လက်ဆောင် ပုံရိပ်ရောင်ကို

နေ့စဉ်ညတိုင်း လွမ်းလေတိုင်းဝယ်

ရင်မှာပွေ့ပိုက် အသည်းလှိုက်အောင်

ချစ်သည်းညှာမြ မောင့်နှမကို

တမ်းတစိတ်ဖြင့် ပိုလွမ်းတယ် ......


ချစ်နှမရေ မျှော်ကာနေပေါ့

ဘယ်နေ့မှာ ဘယ်လိုလွမ်းရင်း

မောင်အပြန်လမ်းကို ရွှေရင်ကျွမ်းလို့

အသည်းကြွေကြ မြေတော့မခနဲ့

အစဉ်မေ့ပျောက် စိတ်ကောက်မှာကို

စိုးမိပါတယ် ချစ်နှမရယ် .....
 

No comments:

Post a Comment