
ချစ်ရဲ့စကားသံ မကြားပြန်
ဘဝင်လည်းမအေး ရင်ထဲဆွေး
အလွမ်းလေးနဲ့ငေး .....
ချစ်ရဲ့ပုံသဏ္ဍန် မတွေ့ပြန်
ဘဝင်နှလုံး မရွှင်ပြုံး
ဒီမောင့် အချစ်ဆုံး .....
ပြုံးရည်လေတိုင်း ခပ်ရေးရေး
သထက်ကလေး ပေါ်လာသေး
ပါးချိုင့်ကလေးနဲ့ လှသူရယ်
အရမ်းမြတ်နိုးတယ် မြင်သူတိုင်းငေး
ရင်ထဲအေး အလွမ်းလေးတွေပေး ......
မလွမ်းပါနဲ့ ချစ် မောင် ရယ်
မောင်အပြန်လမ်းက ကြိုနေမယ်
ချစ်သူဒီစကား နားထဲကြား
အရမ်းလွမ်းလို့ ဖျား
သင်္ကြန်မှာတော့ ပြန်လာမယ်
မောင်တို့နီးဖို့ရွယ် တိုင်တယ်ကာချစ်စကား
ချစ်သူ သိစေသား .....
No comments:
Post a Comment