
ဒီဇင်ဘာအလွမ်း ရင်မှာတစ်ကယ်ကြမ်း
အပြင်မှာလည်းချမ်း ရင်မှာလည်းနွမ်း
ရွက်သစ်တွေဝေ ရွက်ဟောင်းတွေကြွေ
နှင်းတွေကဝေ လွမ်းမိတယ်မေ ˚ •˛•˚ *
နှစ်ဦးသားကြည်ဖြူ ချစ်ရသူရေ
တို့များဆုံတွေ ဒီဇင်ဘာနေ့ကို
မေ့သွားပြီလား ပြန်လာမယ်လို့
နင်ပြောစကား ငါလေကြားတော့
အရမ်းပျော်လို့ ဖျားခဲ့တယ် .........
ပင်ထနောင်းထက် လွမ်းအောင်ကူချွဲ
နူတ်အပြောချိုတဲ့ ကိုဥသြရေ
ခင်ဗျားအသံ ကြားပြန်တော့လည်း
ချစ်သူ့အသံလား ထင်မှတ်မှားတယ်
ခွဲရမည့်ရက် တွယ်ဖက်ငိုရိုက်
ချစ်သူ့သံလေး နားထဲဆွေး ˚ •˛•˚ *
ဘာရယ်မဟုတ် ဒီဇင်ဘာလ
ရောက်ပြန်လေတိုင်း နှစ်ဦးတွေ့ခြင်
သံယောဇဉ်ကြိုး လျော့သွားရိုးလား
ဝေးလည်းချစ်မယ် နီးလည်းချစ်တယ်
စွဲလမ်းနှောင်ရစ် အချစ်ကြီးချစ်မိ
တွယ်တာမြတ်နိုး မေတ္တာတိုးလို့
တစ်သစ်တစ်ခါ နှစ်လွှာတစ်ရွက်
ဆွယ်တော်ရွယ်နှယ် ချစ်ရသူရယ်
တစ်ဘဝရေး ခဏဝေးလို့
အားငယ်သလား နားလည်ထားပါနော် .........
No comments:
Post a Comment