ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, December 8, 2012

အတွေးတွေနဲ့မဆွေးခြင်ဘူး

အတွေးလွန် နယ်မြေရဲ့ တဖက်ခြမ်း

အလွမ်းတွေ ကာရံထားဆဲ
အဆွေးတွေ ပြည့်နေတဲ့ ကမ္ဘာထဲ

လွင့်မျောနေတဲ့ စိတ်ကိုရွက်လွှင့်လို့
နင့်ဆီကိုပဲ ရောက်ရောက်နေခဲ့တယ်

ဖမ်းဆုတ်မရတဲ့ လေညှင်းတွေလို
လွင့်ချင်တိုင်းလွင့် မျောနေခဲ့တော့

ဝေခွဲမရတဲ့ စိတ်တို့က

ငါ့ကို ခဏခဏ ဒုက္ခတွေသာပေး

လွမ်းရမဲ့နေ့တွေ အတွတ်

မတွေးချင်တော့ဘူး ချစ်သူရယ်

No comments:

Post a Comment