ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, December 8, 2012

ကောင်မလေး ရယ်

အချိန်တိုင်းလွမ်းနေတဲ့
စိတ်ကိုတားဆီဖို့
နှလုံးသားကိုပဲ
အဆိပ်ခတ်ရမလား
မျှော်နေပေမယ့်
ပေါ်မလာသူ့အတွက်
လွမ်းရတဲ့အသိစိတ်ကို
မုန်းနေမိတယ်
နေနိုင်သူအတွက်ကတော့
ကိုယ်က...ဆော့ကစားစရာ
အရုပ်တစ်ရုပ်ပဲလေ
လွမ်းလွန်းလို့မေ့နိုင်အောင်
သောက်ခဲ့တဲ့အရက်က
တစ်ချိန်မှာ.....
ကိုယ်အတွက်ဒဏ်ရာတစ်ခု
ဖြစ်လာလိမ့်မယ်ဆိုတာကိုသိရက်နဲ့
မသိချင်ယောင်ဆောင်သောက်နေမိတယ်
ကိုယ်အပေါ်မှာသစ္စာရှိတာ
အရက်ဆိုတဲ့သက်မဲ့တစ်ခုပဲလား
ကိုယ်ကချစ်သလောက်ကိုယ်အပေါ်မှာ
လှည့်စားပြီးဥပက္ခာပြုခဲ့တာ
သက်ရှိဆိုတဲ့ကောင်မလေးတစ်ယောက်ပဲလေ
အရက်ကပဲ.....သစ္စာရှိတာလား...?
မင်းကပဲ...`သစ္စာမဲ့တာလား...?
ဆုံးဖြတ်ပါတော့
ကောင်မလေးရယ်.......

No comments:

Post a Comment