ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, December 28, 2012

ဆောင်းနဲ့အတူပါ ချစ်သူရယ်




မူမှုန်ဖွေးဖွေး . ချမ်းမြအေးသည့်

မြောက်ပြန်လေကူး...ဤဆောင်းဦးဝယ်

ပန်းစုံဖူးပွင့်.. ရနံ့လွှင့်နေ.

နှင်းပွင့်ဝေစီ.. သဏ္ဍာန်ညီမှ

ဆောင်းပီသပေ.. ချစ်ရက်ရှည်ကြောင်း..

လွမ်းရကြောင်းကို ပြန်ပြောင်းတွေးလို့

သတိရမိတယ် ချစ်သူ ရယ်

နှလုံးသားမှာ.. ချစ်ရိပ်နွယ်ကာ.

တွယ်တာ.. သမုဒယ.

ရင်မှာတည်သမျှ.. မောင်မမေ့ပါဘူး

ရာသီရဟတ်. တစ်ပါတ်လည်စေ..

သည်နွေမိုးဆောင်း.. ရာသီပြောင်းလည်း

မဟောင်းသစ္စာ.. ရင်မှာတွယ်လို့.

နှောင်း တချိန်လည်း ဆောင်းနဲအတူ

သိပ်ချစ်နေမယ် ချစ်သူရယ် 

No comments:

Post a Comment