
ချမ်းမြခိုက်တုန် ဆောင်းရောက်ပြီဆို
လ လည်းမကွဲ ညမှောင်ထဲဝယ်
ခေါင်းအုံးလေးထက် မှေးစက်အိပ်ခို
မပျော်တစ်ဝက် ပျော်တစ်ဝက်နဲ့
မိုးစင်စင်လင်း အိပ်ပျက်ရက်ရှည်
ကြာနေပြီလား မောင့် ချစ်သူရေ ....
နွေဦးအကြို ဆောင်းနှင်းကမှုံ
ဘယ်ဆီကြည့်ကြည့် ကြည့်တိုင်းကြည့်တိုင်း
ရင်ခွင်တံတိုင်း အသည်းအိမ်လှိုင်းဝယ်
ချစ်သူ့မျက်နှာ အရိပ်ထင်ဆဲပါ
အိမ်မက်ရက်ရှည် ရွက်ကြွေလို့လွင့်
မျှော်လင့်မှုပန်း မနွမ်းပါနဲ့
အပူစတွေ မောင်မျှဝေလို့
ခွဲခွာရက်စက် ထားခဲ့တာလည်း
မဟုတ်ခဲ့ပါဘူး အချစ်ဦးရယ် .....
တစ်ဘဝအရေး ခဏလေးမတွေးနဲ့
မဝေးတော့တဲ့ အနာဂါတ်မှာ
ဘဝခရီး တူယှဉ်လျှောက်မယ်
ရင်ထဲနုမြစ် ဖြစ်ပြီးမပျက်
သစ်ပြီးရင်းသစ် ချစ်ပြီးရင်းချစ်
ကာလတာရှည် ပြောမပြသာပေ
အချစ်ရေ မောင့်ရင်ထဲမှာတော့
လွမ်းမပြေ .......
No comments:
Post a Comment