ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, December 3, 2012

:'( :'( ခွဲမသွားနဲ့နော် :'( :'(

ကောင်းကင်လို့မြင့်မား ရေမြေလို့မခန်းနား
ဘဝသမားမို့ ကဗျာဖွဲ့လို့ဆိုပြ

နဂိုကမှ အလွမ်းသမားဘဝပါမေ

အသည်းနှလုံးမှ အချစ်တွေကိုပုံလို့

မေ့တစ်ယောက်ကိုဘဲ အချစ်ဆုံးချစ်

မုသားကင်းတဲ့ မေတ္တာတွေနဲ့ပါ

ခုများတော့မေ ရေကြည်အနောက်

ခြေရာဖျောက်လို့ မုသားသစ္စာ

ညာခဲ့တာလား မဖုရားရယ်......


မှတ်မိသေးတယ် စိတ်အစဉ်က

ငွေသောင်ယံကမ်း တို့များလျှောက်စဉ်

ခြေရာတွေက အရိပ်သွင်မို့

ယနေ့တိုင်ဘဲ မမေ့နိင်စဲပါ

သဲပုံစေတီ အတူတည်လို့

ပန်သစ္စာဆု အတူပြုကြတုန်း

အချိုအဖြစ်နဲ့ ငါလေပိုချစ်ခဲ့တာပါဟာ .....


ယုံခြင်မှလည်း ယုံကြည်ပါတော့

မောင်ကတော့လေ လွမ်းတာကိုသာ

အဖော်ပြုလို့ အတုအပမပါတဲ့

သမုဒယ ရင်ခွင်တံခါး

မေ့အတွက်တော့ ဖွင့်ထားစဲပါ

မကြည်သာဘူး အချစ်ဦးရေ

အသဲခြင်းထပ် ရင်ခြင်းအပ်လို့

ရွှေရင်အသည်း မရွှင်သာဘဲ

ညိုးလျော်နွမ်းလျ ဘဝင်မကြမို့

ဘဝမခြား ထာဝရအပါးမှ

ခွဲမသွားပါနဲ့လား .....
.
 

No comments:

Post a Comment