
ဩော် သံယောဇဉ်တဲ့
ပြန်မပြောခြင်တော့ပါဘူး
မောင် ရယ် ......
သစ္စာကိုရေစက်ချ လို့
အမျှဝေလိုက်ပါပြီ
မောင် မမြင် မောင်မသိခဲ့ပါဘူး
အရိပ်လို့ကြည်နေခဲ့သူရယ်ပါ
အပြင်မှာမတွေ့ အွန်မှာတွေ့လို့
အပျော်ချစ်တွေနဲ့ လှည်စားခဲ့တာလား
မောင် ရယ် .....
သနားလို့လည်း ချစ်ခဲ့
ရင်မှာ ၀ှက်လို့လည်း ချစ်ခဲ့
ငြိုးငယ်စွာ နဲ့ ပေးစပ်လို့လည်းချစ်ခဲ့
ချစ်ရာကနစ်တော့ မိဘကိုလွန်ဆန်
မောင့်ကိုမှယုံ ဘဝကိုပုံလို့
တွယ်တာမြတ်နိုး မိခဲ့ပါတယ်
မောင် ရယ် ....
မချစ်ဘဲလည်း နေနိင်အောင်တော့
နေပါတော့မယ် မောင့်အချစ်ဝဲဗွေလှိုင်မှာလ ည်း
မေကတော့ အမြဲ အခြေယိုင်ခဲ့ပါပြီ
မောင်ပြောခဲ့တဲ့ သစ္စာစကား
ခုမေ့နားဝမှာ ခါး ခါး ခါး ခဲ့ပါပြီလေ
ပြာရီမှိုင်းနေတဲ့ မေနှလုံးသားကို
ကဗျာပန်းချီ ဖွဲ့သီလို့
ငိုစရာအတိ အပိုသကာမချီတွေနဲ့
အိမ်မက်ရွာအိုမှာ မှိတ်စက်ကာခိုလို့
အလွမ်းညရဲ့ ရင်ခွင်ထက်မှာ
တေလေမှောင်မိုက် သေလောက်အောင်လွမ်းလည်း
အရမ်းချစ်လို့ အရမ်းမုန်းလိုက်ပါပြီ
မောင် ............
No comments:
Post a Comment