ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, December 28, 2012

♥♥♥ ချစ်နေမယ်♥♥♥



အချစ်ရယ် ♥

ရင်ခွင်တံခါး ဖွင့်ကာထားလို့

စာနာသိစေ မြင်စမ်းတော့မေ

နေဆယ်စင်းလို့ ပူလောင်လှလည်း

သော့ခတ်ချိတ်ဆွဲ အတွေးထဲဝယ်

မေပါဘဲကွယ် ♥♥

တစ်ကယ်ပါဘဲ အဖြစ်သည်းလို့

ချစ်သည်းကလေ ပိုတယ်လို့ထင်


ရွှေစိတ်ဘဝင်က ကြည်သာရွှင်မပြ

ဖြစ်ရပါတယ် ♥♥

ရင်ထဲမှာလည်း အလွမ်းကြားနစ်

သောကပြည်ဖြိုး မျက်ရည်မိုးတွေ

ရွာသွန်းမစဲ ရှိနေစဲကွယ်

နှစ်ရှည်လကြာ ရာသီသာပြောင်း 

မဟောင်းအချစ် ရင်မှဖြစ်လို့

ကြင်နာနှောင်ရစ် အချစ်စစ်နဲ့

ချစ်နေမယ် ♥♥ —
 — 

No comments:

Post a Comment