
အေးမြတဲ့အဆင်း နွေးထွေးတဲ့အလင်းတွေနဲ့
အကြင်နာရောင်စဉ်တွေ ဝေဝေဖြာဖြာ
အစဉ်သာလိမ့်မယ်လို့ ထင်မှတ်မိတာပါ
မြူတွေကဆိုင်း တိမ်တွေကမိုင်း
ထက်အာကာတခွင် မှောင်ရိပ်စင်တော့
ခုများ လမင်းဘယ်မှာ သာလိမ့်မလည်း
စိတ်အစဉ်နဲ့ ရှာဖွေသူသာမောမိပါတယ်
လမင်းရေ အချစ်ပေးလို့ အချစ်မရတာက
ဝဋ်ကြွေးတဲ့လား ကံဇတ်ဆရာအလိုကြ
ငိုပြရအုံးမှာလားဟာ မွန်းကျပ်ခြင်းတွေ
အနှောင်အဖွဲတွေကင်းဝေးတဲ့
သီခြားကမ္ဘာငယ်လေးများရှိခဲ့ ရင်
ထွက်ပြေးမယ်လို့ စိတ်ကကြံဆောင်
လမင်းအရိပ်ရောင်ကို တွေ့ပြန်တော့လည်း
နင့်အနားမှာဘဲ တဝဲလည်လည်
အော် ခက်ပါတယ် .....
မောင့်ဘဝထဲမှာ လမင်းကိုလေ
အမြဲတမ်းသာနေပါလို့ တောင်းဆိုခွင့်မရှိပေမယ့်
သာခဲ့ဖူးတဲ့ လမင်းရင်ခွင်ထဲမှာ
ခဏလေးဖြစ်ဖြစ် မှေးစက်ခြင်မိတာပေါ့
လွမ်းဆွေးမှန်းစ တမ်းတနေမှန်း
သိနေရက်တောင် ရှောင်ဖယ်အဝေး
လမင်းပြေးတော့ ဒီရင်ထဲမှာ
မျှော်နေမိတယ် လ မင်း ရေ
No comments:
Post a Comment