မမြင်ချင်တဲ့ သူ့အပြုံး
ငါ့ရှေ.ကိုရောက်ရောက် လာခဲ့
မုန်းနေတဲ့ အသဲနှလုံးက
နားကျည်းတဲ့ စကားတွေပြည့်နှက်လို့
အသက်ပျောက်လု မတတ်ပဲ
ချည်နှောင်ထားတဲ့ သံယောဇဉ်ကြိုးက
ပြတ်တောက် တိုင်းလဲ
အကြိမ်ကြိမ် ပြန်ဆက်မိနေတော့
ဆက်ထုံးများတဲ့ ကြိုးလိုပဲ
ဘယ်ခိုင်မြဲ ပါ့မလဲ
လှောင်ပြုံးတွေနဲ့ ထေ့ငေါ့တတ်တဲ့အကြည့်က
ငါ့သိက္ခာကို စော်ကားနေသလား
ရိသဲ့သဲ့ စကားလုံးတချို.နဲ့
ငါ့ အရှက်ကိုပျက်ရယ်ပြုခဲ့
နင့်အတွတ်တော့ ငါပေးမဲ့ဆုလာဒ်က
နောက်ဆုံးတော့အမုန်းတွေ ပဲဖြစ်လာခဲ့ရပြီ
ငါ့ရှေ.ကိုရောက်ရောက် လာခဲ့
မုန်းနေတဲ့ အသဲနှလုံးက
နားကျည်းတဲ့ စကားတွေပြည့်နှက်လို့
အသက်ပျောက်လု မတတ်ပဲ
ချည်နှောင်ထားတဲ့ သံယောဇဉ်ကြိုးက
ပြတ်တောက် တိုင်းလဲ
အကြိမ်ကြိမ် ပြန်ဆက်မိနေတော့
ဆက်ထုံးများတဲ့ ကြိုးလိုပဲ
ဘယ်ခိုင်မြဲ ပါ့မလဲ
လှောင်ပြုံးတွေနဲ့ ထေ့ငေါ့တတ်တဲ့အကြည့်က
ငါ့သိက္ခာကို စော်ကားနေသလား
ရိသဲ့သဲ့ စကားလုံးတချို.နဲ့
ငါ့ အရှက်ကိုပျက်ရယ်ပြုခဲ့
နင့်အတွတ်တော့ ငါပေးမဲ့ဆုလာဒ်က
နောက်ဆုံးတော့အမုန်းတွေ ပဲဖြစ်လာခဲ့ရပြီ
No comments:
Post a Comment