ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, December 8, 2012

ဝေဒနာတဲ့လား

အသုံးမကျ တဲ့ငါ

ရေမှာရေးမိတဲ့ ပုံရိပ်က

ဘယ်အရာထင် ပါ့မလဲ

တိမ်တွေပေါ် ပန်းချီတတ်ဆွဲချင်ခဲ့တော့

ငါကိုယ်တိုင် ပင်ပန်းရုံပဲရှိတော့မှာပေါ့


ကျွဲပါးစောင်းတီးတဲ့ ဆိုထားတဲ့စကားပုံလို

အသိညာဉ်မရှိတဲ့ တိရိစ္ဆာန်ကိုမှ

ပြုပြင်ရင်း ပုံသွင်းမိခဲ့တော့

အချိန်တွေသာကုန်ဆုံး အရှုံးပေးရင်း

သတ္တ၀ါကို အပစ်လို့ဆိုမရ

ငါကပဲ မှားယွင်းခဲ့တာကိုး


ဝါကျမတတ်သေးတဲ့ ကလေးငယ်ကို

စာတွေချပြ နေမိတဲ့ငါ

နေ့တွေ လတွေသာ ကုန်ဆုံးသွားခဲ့

ကကြီးဘယ်လို ရေးရမလဲတဲ့လေ


တကယ်တန်းတော့

အရာရာကို စေတနာထား

ပြုပြင်ပေးချင်ခဲ့တဲ့ ငါ့ဆန္ဒက

အဆုံးကျ စေတနာ မဟုတ်တဲ့

ဝေဒနာတွေသာ ဖြစ်ခဲ့ရပြီလေ

No comments:

Post a Comment