
မေတ္တာပန်းတွေ ဝေလည်းမနွမ်း
ကြေကွဲလွမ်းပြီ မေရေ
သစ္စာကို တံတားဖောက်
အကြင်နာကို အိမ်ဆောက်လို့ ........
ဥပေက္ခာ တံတိုင်းခြား
ပိုင်းဖြတ်ကာ မင်းသွားပါတော့
ဆင်စီးလို့ မြင်းရံ ရွှေအိမ်မှာစံစား
သဘာဝတဲ့လား ထာဝရမဟုတ်တဲ့
အချစ်ကိုမှ မက်မောနေမိတာက
ငါအမှားပါ နင်ပျော်မယ်ဆိုရင်တော့
ငါနှလုံးသွေးကို ခြေဆေး
နင့် မင်္ဂလာ မှာ အခါတော်ပါပေးလိုက်မယ်
လွမ်းရဲလို့ လွမ်းခွဲတာကို
အပြစ်လို့ မဆိုရက်ပါဘူး
ဒါပေမယ် မေ
အိုင်တွေ့တိုင်းခြေဆေး နောက်များမှ
မပဒါလို မြေမလူးရပါစေနဲ့
ခုငါကတော့ ပဒိုင်းသီးစားမိလို့
အရူးကြီး တစ်ပိုင်းပါဘဲလေ ......
No comments:
Post a Comment