ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, December 24, 2012

@@@ % သူ ငယ် ချင်း @@@%



သူငယ်ချင်းရေ .....

ဘဝဆိုတာက ဒီရေလှိုင်းလို

မိုးသားတိမ်တိုက်လို အမြဲတမ်းမတည်ငြိမ်

သူလွင့်ခြင်ရာ မျောလွင့်နေမှာပါဘဲ

ကိုယ်ဖြစ်ချင်တဲ့ ဆန္န ကိုယ်ယုံကြည်ရာပန်းတိုင်

ကြည့်တိုင်းလည်း မမြင် ပြောတိုင်းလည်းမဖြစ်

စိတ်မညစ်နဲ့ သူငယ်ချင်း

ပါရာမီကံ အကျိုးပေးနည်းနေသေးလို့

မရောက်သေးတာပါ တနေ့မုချ

ရောက်ရမှာပေါ့ ......


အခွင့်အခါ ရောက်လို့လာရင်

အမိအရ ဖမ်းဆုတ်လို့သာ

ကြိုးစားလိုက်ပါ မင်းမျှော်လင့်တာတွေ

ကြုံစေမှာပါ အဲလိုအချိန်မျိုးမှာ

သူငယ်ချင်းရေ ပညာတွေအကုန်သုံးလို့

တန်ဖိုးရှိအောင် ကြိုးစားပြလိုက်စမ်းပါကွာ

ကုန်လွန်ခဲ့တဲ့ အချိန်တွေကိုမေ့

စွန့်စားရဲသူ ပင်ကိုယ်ဥာဏ်စွမ်း

မင်းမှာရှိတော့ မဝေးသောတနေ့

မလွဲဧကန် အောင်မြင်မယ်ဆိုတာ

ငါ ယုံကြည်ပါတယ် သူငယ်ချင်း .....

No comments:

Post a Comment