•♣• နေရောင်ခြည်တွေ အကျဉ်းချလို့
အေးစက်တဲ့ ကဗျာတစ်ပုဒ်
အသက်သွင်းဖို့ ငါ့မာန
အကြိမ်ကြိမ် သတ်ဖြတ်ခဲ့ဖူးတယ်..•♣•
•♣• နှင်းတွေ တ၀င့်ဝင့်ကြွေ
ရင်ထဲက ကဗျာတစ်ပုဒ်
နှစ်သက်စွာ သွန်းချလို့
အသည်းနစ်အောင် ခံစားရဖူးတယ်...•♣•
•♣• ဖြာဝေကြွေဆင်း နှင်းတွေကြား
အားနည်းသေးသိမ် နေရောင်မှာ
မားမားမတ်ရပ်လို့ အချစ်နဲ့ဘဝ
တစ်ထပ်တည်းကျဖို့ ဆုတောင်းခဲ့ဖူးတယ်
သစ္စာ ဆိုဖူးတယ်...•♣•
•♣• မှောင်လွန်းတဲ့ည တမ်းတရတဲ့ကြယ်လေး
တိမ်ဖုံးတဲ့ည ကြယ်လေးကိုသတိရလို့
တမ်းတနေခဲ့ရတာအခါခါပေါ့...•♣•
•♣• ဒါပေမယ့်...
နှင်းဝေည ကြယ်ကြွေကျတာ
ငါကလွဲပြီး ဘယ်သူမြင်နိုင်ခဲ့လဲ....ချစ်သူ •♣•
No comments:
Post a Comment