ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, December 21, 2012

♥♥♥ ညီ မ လေး သို့ ♥♥♥

Photo: <3<3<3 ညီ မ လေး သို့ <3<3<3


ညီမလေးရေ .....

ဘဝသမားမို့ စာသားတွေနဲ့ဘဲ

အကိုရေးပြ ပြောပြပါရစေတော့

နားနဲ့မနာ ဖဝါးနဲ့နာပါ

ညီမလေး ရယ် ....


ညီမလေးရေ ......

လောကဇတ်ခုံ ဘဝလမ်းခရီး

ဆေးရောင်ဆုံ အလှအပတွေကြားမှာ

ရေလိုက်မလွဲမိစေနဲ့

ပကာသနဆိုပြီး ထာဝရမဟုတ်တဲ့

သဘာဝပြယုဒ် တွေကိုလည်း

သတိမလှပ် အတုမဖတ်

စေခြင်ပါဘူး ညီမလေးရယ် ....


ညီမလေးရေ ....

လောကကြီးရဲ့ မာယာတွေကြားမှာ

အသိမကြွယ်သေးတဲ့ ညီမငယ်လေးကို

ပိတ်အတုအယောင် တွေကြားမှာ

လမ်းမမှားစေခြင်ဘူး 

အပျိုဖော် ဝင်လာပြီဆိုတော့

မဝတ်နဲ့ မဟုတ်ဘူး ဝတ်ပါ

မပြင်နဲ့ မဟုတ်ဘူး ပြင်ပါ

မသွားနဲ့ မဟုတ်ဘူး သွားပါ 

မစားနဲ့ မဟုတ်ဘူး စားပါ

ဒါပေမယ့် ညီမလေးရေ

စားသွား သတိ အပြင်ဆင်သတိတဲ့

သတိလေးတွေ စိတ်မှာအသေအခြာတွေးလို့

နားလည်ထားပါ ညီမလေးရယ် ...


ညီမလေးရေ ...

အကိုပြောပြနေတာ မိန်းကလေးမို့ပါနော်

မြန်မာဆန်ဆန် သနပ်ခါးလေးနဲ့

ပိတုန်းရောင် ကေသာကြော့

ဖြန်းကာချ သဘာဝအလှကိုလေ

အကိုတွေးကြည့်စမ်းတော့

ကုမုဒ္ဒြာအလား ရင်ထဲမှာ

အေးမြလို့ နေပါလား

ညီမလေးရယ် ....


ညီမလေးရေ ......

ဘဝဆိုတဲ့ တိုက်ပွဲကြားမှာလည်း

အားမာန်တွေ ကြံကြံခံလို့

လောကဒဏ်မှာ အဖိုးတန်ပါစေ

ပြဒ္ဒါမြားမှန် နွံမနစ်သလို့

အဖိုးအနဂတ် တန်တဲ့ 

ပန်းကောင်းလေး တစ်ပွင့်ဖြစ်ပါစေနော် ....


ညီမလေးရေ .....

ဘဝသမားမို့ စာသားတွေနဲ့ဘဲ

အကိုရေးပြ ပြောပြပါရစေတော့

နားနဲ့မနာ ဖဝါးနဲ့နာပါ

ညီမလေး ရယ် ....


ညီမလေးရေ ......

လောကဇတ်ခုံ ဘဝလမ်းခရီး

ဆေးရောင်ဆုံ အလှအပတွေကြားမှာ

ရေလိုက်မလွဲမိစေနဲ့

ပကာသနဆိုပြီး ထာဝရမဟုတ်တဲ့

သဘာဝပြယုဒ် တွေကိုလည်း

သတိမလှပ် အတုမဖတ်

စေခြင်ပါဘူး ညီမလေးရယ် ....


ညီမလေးရေ ....

လောကကြီးရဲ့ မာယာတွေကြားမှာ

အသိမကြွယ်သေးတဲ့ ညီမငယ်လေးကို

ပိတ်အတုအယောင် တွေကြားမှာ

လမ်းမမှားစေခြင်ဘူး 

အပျိုဖော် ဝင်လာပြီဆိုတော့

မဝတ်နဲ့ မဟုတ်ဘူး ဝတ်ပါ

မပြင်နဲ့ မဟုတ်ဘူး ပြင်ပါ

မသွားနဲ့ မဟုတ်ဘူး သွားပါ 

မစားနဲ့ မဟုတ်ဘူး စားပါ

ဒါပေမယ့် ညီမလေးရေ

စားသွား သတိ အပြင်ဆင်သတိတဲ့

သတိလေးတွေ စိတ်မှာအသေအခြာတွေးလို့

နားလည်ထားပါ ညီမလေးရယ် ...


ညီမလေးရေ ...

အကိုပြောပြနေတာ မိန်းကလေးမို့ပါနော်

မြန်မာဆန်ဆန် သနပ်ခါးလေးနဲ့

ပိတုန်းရောင် ကေသာကြော့

ဖြန်းကာချ သဘာဝအလှကိုလေ

အကိုတွေးကြည့်စမ်းတော့

ကုမုဒ္ဒြာအလား ရင်ထဲမှာ

အေးမြလို့ နေပါလား

ညီမလေးရယ် ....


ညီမလေးရေ ......

ဘဝဆိုတဲ့ တိုက်ပွဲကြားမှာလည်း

အားမာန်တွေ ကြံကြံခံလို့

လောကဒဏ်မှာ အဖိုးတန်ပါစေ

ပြဒ္ဒါမြားမှန် နွံမနစ်သလို့

အဖိုးအနဂတ် တန်တဲ့ 

ပန်းကောင်းလေး တစ်ပွင့်ဖြစ်ပါစေနော် ... 

No comments:

Post a Comment