ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, December 14, 2012

ထာဝရပေါင်းဖက်ခွင့်ရပါစေ


 
 
အနေတွေ ခက်ပေမယ့်

နေတတ်သလိုပဲနေလိုက်ပါဟာ

နှုံးချိချိမောင့် အသည်း

လူတောတောင် မတိုးရဲပါဘူး

တူသော အကျိုးပဲမို့ ရှိပါစေတော့ကွယ် 


နင့် အပြစ်လို့မဆိုသာ

ကိုယ့် ကြမ္မာကိုယ်ဖန်တီး

ကိုယ့် လမ်းကိုယ်လျှောက်

ကိုယ့် ဘဝကိုယ်မပိုင်

ကိုယ် မွှေးတဲ့အချစ်မီး

ကိုယ်ကိုတိုင်ဘဲ

ရင်စည်းကာ ခံလိုက်မယ်

အဆုံးသတ်မှာ အမုန်းမဖက်လို့

ပြုံးလျက်သာ လမ်းခွဲ

တစ်ယောက်တစ်ကွဲနဲ့ 

နှစ်ယောက်သားလွဲခဲ့လည်း

မေ လည်း..... မမုန်း

မောင် လည်း...... မမုန်း

ဤခရီးလမ်း ဒီမှာတင်ဆုံးပြီမို့...

နောင်ဘ၀ ပြန်ဆုံဖြစ်ကြရင်

တစ်သက်မဝေး အသက်ပေးပြီးချစ်

နှစ်ယောက်တစ်ကမ္ဘာ....နှစ်လွှာတစ်ရွက်

ထာဝရပေါင်းဖက်ခွင့်ရပါစေလို

ဆုမွန်ခြွေစကား နင်ကြားပါစေလားဟာ ................
 

No comments:

Post a Comment