ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Monday, December 3, 2012

♥ အရိပ် ♥

 

ညအမှောင်မှာ နေ မရှိပါ

နေ့အခါမှာ လ မရှိဘူး

ဒါပေမယ့်လေ လနဲ့နေအစား

မောင့်အနားမှာ ချစ်သူသာဘဲ အရိပ်ထင်

နေရောင်ရှိလို့ အလင်းရှိတာလား

လရောင်ကြောင့်လည်း အလင်းရှိတာဘဲလေ

နေရောင်တွေ လရောင်တွေကြောင့်

အရိပ်တွေလည်း ရှိမယ်ထင်ပ

နေရဲ့အရိပ် လရဲ့အရိပ်တွေ

ပျောက်ရင် အရိပ်တွေပျောက်သလို့

မောင့်ဘဝထဲမှာ မေ မရှိတော့ရင်

ပျောက်ပျက်သွားမယ်လို့တော့

မထင်လိုက်ပါနဲ့ ချစ်သည်းရယ်

ဘာကြောင့်လည်းဟင် မေသိခြင်လား

မေတ္တာအဆင်း သတိရခြင်းဆိုတဲ့

ပကတိရိုးသားတဲ့ ကြင်နာခြင်း

အချစ်ရိပ်တွေမို့လေ ....
 

No comments:

Post a Comment