လွမ်းရဲလို့ လမ်းခွဲခဲ့ပြီပေါ့
ပြီးဆုံးခဲတဲ့ ဇတ်လမ်းတစ်ပုဒ်
မှတ်တမ်းပင် မထုတ်ခြင်တော့ဘူး
လမ်းခွဲကြတာ ဝမ်းနည်းစရာ
မဟုတ်ဘူးတဲ့ ဒါပေမယ့်မေ
တစ်ကယ်ချစ်တော့ ခံစားရတာ
ဓမ္မတာပါ ချစ်နဲ့ဆုံတွေ့
အရင်နေ့တွေ မှတ်မိသေးတယ်
ချစ် နဲ့ မောင်ရယ် ကလူကျီစယ်
ပျော်ခဲ့ကြတယ် ခုများတော့လေ
မကြင်ဘက်အတွက် သခင်မက
ရက်စက်တာလည်း ပျော်ပါစေလေ
ဆုတောင်းကချွေရင်း ကဗျာမလှ
စာမလှတဲ့ လွမ်းကဗျာတစ်ပုဒ်
ရေးမိပြန်ပေါ့ ပြုစားသူလို့
မဆိုရက်ဘူး အသည်းဆိုင်မှာ
ခိုင်မြဲနစ်မြုတ် အချစ်ရုပ်လွှာ
ရင်ခွင်ကိုခွဲ အသဲကိုမှ
ပန်းလို့ပါက ပန်းပါလှည့်မေ ♥♥
စိတ်ဒဇ အသဲတွေနဲ့ မောင်ဘဝထဲမှာလည်း
မိုးတွေကသည်း သည်းနေပါပြီ
ဒီဘဝ ဒီခဏ ဒီမျှတဲ့လား
နောက်တစ်ခါ မဆုံရအောင်
ကြိုးစားဖြေသိမ့် အဝေးမှဘဲ
ချစ်နေပါမယ် မချစ်ရင်လည်း
မောင့်ဘဝထဲကို ဝင်မလာသင့်ဘူး
ထားပါတော့မေ အပျော်မချစ်
အသစ်မရှာ မုသားမသုံး
မပြောင်းသစ္စာတွေနဲ့ ချစ်ခဲ့မိသူ
မောင့်လိုလူကို ခုများတော့လေ
သူငယ်ချင်းတဲလာ့း မခေါ်ရဲဘူး
ချစ်သူဟာလေ ချစ်သူဘဲမို့
မခေါ်ပါရ ချစ်ပေးတဲ့ဒဏ်
ကြိတ်ကာခံမယ် ဖန်လာဘဝ
နောင်ကာလကြ တစ်ဘဝမခြား
ထာဝရအပါးမှာ နေပါရစေ ♥♥
ရင်ခွင်တံခါး ဖွင့်ကာထားမယ်
ချစ် မမြင် ချစ် မသိ ဘူး
ဒီမောင့်ရင်ထဲ အစဉ်ရှိတယ်
ရင်ထဲကဝေဒနာ သေရာပါလို့
ဘယ်သောင်ပြင်တန်း ဘယ်ကမ်းစပ်မှာ
ကြေငြာရမလည်း မောင့်ချစ်သူရယ် ♥♥
ဒီကဗျာလေးနဲ့ နူတ်ဆက်ခဲပါတယ် ပျော်ရွှင်ပါစေ
No comments:
Post a Comment