ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, November 20, 2012

♥♥♥ Chitphoo Lar ♥♥♥

သစ္စာပန်းတွေ ကြေကွဲမနွမ်း

မဖြေလည်းလွမ်း ဖြေလည်းလွမ်းရင်း

လွမ်းရကြောင်းကို လွမ်းစာစီလို့

ရေးပို့ကြံရွယ် စိတ်ကူးမိတယ်


မြူမူံဝေကင်း ဆောင်းညတွင်းမှာ


သူနဲ့ဆုံတွေ နေ့တစ်နေ့ကို


မှတ်မိသေးလား ချစ်သက်ထားရေ


သူကိုလေမြင်ကတည်း ရင်ထဲမှာလည်း


ခုန်လိုက်တာ ရထားအလား


မိုးချိန်းသံရူံး အချစ်ဆုံးရေ


အိပ်မလို့ကြံ သူရုပ်ဟန်ကို


မြင်ပြန်တော့လည်း အိပ်လို့မရ


အရိပ်မြင်ရာ သူရုပ်လွာက


ရင်တွင်းပိုက်ထွေး အတွေးများနဲ့


လွမ်းလို့ဝဘူး ချစ်ဦးသူကို


ရင်တွင်းတံခါး ဖွင့်ကာထားလို့


မြင်အောင်ဝင်ကြည့် စနာသိက


မေးလိုက်စမ်းခြင်ပါရဲ့ မောင့်ကိုလေ


♥ chit ♥ phoo ♥ lar

No comments:

Post a Comment