
ပူစာတဲ့ ၀မ်းေ၇းအတွက်
မနေသာအဖေရယ်
ရှာဖွေကြွေးပါပေါ့
အဏ္ဍ၀ါသေတွင်းနယ်
ရေပြင်ကျယ်ပင်လယ်အတွင်းမှာ
သေမင်းနဲ့ စစ်ပြိုင်ခင်း
ငါခန္ဒာကြွေရင်ကြွေပေါ့
ဇွဲမလျှော့ဘူး တို့အဖေးးးးးးးးးးးးးးး
လိုင်းလုံးတွေထန် မာန်ဖီလာလေတသင်းလည်း
ဘယ်လောက်ပင်ကြမ်းပါစေ
ငွေအဏ္ဍ၀ါ စုန် ဆန် ကူး
ဇွဲမလျှော့ဘူး တို့အဖေးးးးးးးးးးးးးးး
အိမ်ပြန်လာအမောပြေ
မျှော်နေသူဇနီး သားသမီး
မြင်ေ၇ာင်ရင်းစိတ်အစဉ်မှာ
အဖေပြောတဲ့ စကားသံ
လိုင်းကြီးလှေအောက်
ငါမကြောက်တဲ့
ဒီတစ်ခေါက်ခရီး ငါထောက်မငြီးဘူး
အသူရာမင်းက ရက်စက်တာလား
ရိုက်ခတ်တဲ့ လိုင်းကြမ်းတွေအောက်
အရူံးပေးလို့ေ၇ာက်သွားပြီလား
ေ၇ာင်နီနေအနောက်ကျွန်းသို့
ယွန်းတော့မယ်အဖေ
မှောင်ရီဝေ မျက်ဝန်းများနဲ့
ငေးမျှော်နေ အာရုံလာမနက်ခင်းမှာလည်း
မျှော်နေတယ် အဖေ့သားသမီးတွေ
ဩော်
ပြန်လာခဲ့ပါ ဖေဖေးးးးးးးးးးးးးးးးးးးးး
ဤကဗျာလေးဖြင့် ကျေးဇူးရှင်အဖေအား ကန်တော့ပါသည် တိုက်ဆိုင်မူရှိရင်ခွင့်လွတ်ပေးပါနော်
No comments:
Post a Comment